အခန်း ၇၈

1.1K 165 2
                                    

အပိုင်း ၇၈

သိပ်မကြာခင် ဈာပနပွဲနေ့သို့ ရောက်လာသည်။

ပြောရလျှင် လူအများက ဈာပနပွဲသို့ လာရောက်ကြခြင်းမဟုတ်ချေ။ လာသောသူများက ချန်းမိသားစုနှင့်ရင်းနှီးရန် သည်လိုနည်းလမ်းကိုသုံးပြီး ဆက်ဆံရေးတစ်ခု တည်ထောင်နိုင်ရန် ကြိုးစားလိုကြခြင်းသာဖြစ်သည်။

ချန်းမိသားစုမှ ဒုတိယအိမ်တော်သခင်က အသက်ရှင်စဉ်ကလည်း အမျိုးမျိုးသော ပေါက်ကရအလုပ်များကို လုပ်ခဲ့သဖြင့် မိတ်ဆွေကောင်းများရှိရန်မဆိုထားဘိ အခြားသူများကို ရန်မစမိလျှင်ပင် တော်ပေတော့မည်။

ဖြတ်သွားဖြတ်လာတစ်ယောက်ဖြစ်သောကုဝူကျိက ထိုပွဲကိုတက်ရောက်ရန် မလိုအပ်ချေ။ သို့သော် ချန်းကျားမိခင်၏တောင်းဆိုမှုကြောင့် ထိုပွဲသို့တက်ရန် ဖြစ်လာသည်။

ထိုနေ့ကလည်း သူ ပထမဦးဆုံးအကြိမ် လက်ရှိချန်းမိသားစု၏အုပ်ချုပ်သူ ချန်းချင်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းလည်းဖြစ်သည်။ သို့ရာတွင် သူတို့နှစ်ယောက်က အစပိုင်းကတည်းက ရင်းနှီးမှုမရှိကြချေ။ တစ်ဖက်သူက အလုပ်အလွန်များလေရာ နှုတ်ဆက်စကားပင်မပြောနိုင်ခဲ့ချေ။ ကုဝူကျိကလည်း မည်သို့မျှမခံစားရချေ။ တစ်ဖက်သူက သူ့အတွက် သည်အတိုင်း ဖြတ်သွားဖြတ်လာ တစ်ယောက်မျှသာဖြစ်သည်။ ချန်းအိမ်တော်ကြီးအတွက် သူတစ်ယောက်တည်းကသာ အလုပ်များကို ဦးစီးဦးရွက်လုပ်နေရလေရာ ကုဝူကျိနှင့် စကားအနည်းငယ်ပြောရန်ပင် အချိန်ယူရသည်။

ကုဝူကျိက ထိုပွဲသို့တက်ရောက်လေရာ လူအများက သူ့ကိုအာရုံစိုက်ကြသည်။ ကုဝူကျိက သည်နေရာတွင်ပေါ်လာသည့်အတွက်လည်း အားလုံးက အံ့အားသင့်နေကြသေးသည်။

မည်သို့ပင်ဆိုစေ သိပ်မကြာခင်ကမှ မကောင်းသောကောလဟာလက ပေါ်ခဲ့ဖူးသေးပြီး ပြဿနာတက်ခဲ့ဖူးသေးလေသည်။ နောက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့သည့်တိုင်အောင် အချို့လူများကမူ လေက သည်အတိုင်းတိုက်မည် မဟုတ်ကြောင်း သိနေကြသည်။

ကုဝူကျိက ချန်းကျားနှင့်မသင့်လျော်သော ဆက်ဆံရေးရှိနေလောက်မည်ဟု ထင်ထားကြသည်။ ထို့ကြောင့် သူတို့၏စိတ်ထဲတွင်မူ ကုဝူကျိကို မကြာခဏအကဲဖြတ်ကာ စော်ကားမော်ကားပြောလေ့ရှိသည်။ သို့သော် ယခုလိုမျိုး သည်နေရာတွင် ဆုံရမည်ဟု မထင်ထားမိကြချေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now