အခန်း ၃၄

1.4K 238 6
                                    


34 01

အခန်း(၃၄.၁)

အစေခံက သူမပြောရမည့် စကားကို ပြောပြီးချိန်တွင် ပါးစပ်ကိုအလျှင်အမြန် ပိတ်လိုက်ပြီး အခြားသော သဲလွန်စများကို ဖော်ထုတ်ပြသလိုခြင်း ရှိတော့ဟန်မရပေ။ ကုဝူကျိက ယခင်ကကဲ့သို့ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ကူညီရန် ကမ်းလှမ်းလာမည်ကို အလွန်ကြောက်လန့်သွားဟန်ရသည်။

ကုဝူကျိက အစေခံကမ်းပေးလာသည့် သော့ကို ယူလိုက်သည့်အခါ ထိုသော့က တံခါးဖွင့်ရမည့် သော့မဟုတ်ဘဲ သေးငယ်လွန်းနေသဖြင့် အံ့ဆွဲများအတွက် ပို၍သင့်တော်နေသည်။ အံ့ဆွဲကိုဖွင့်ရန် သုံးရမည့်သော့ ဖြစ်လောက်သည်။

"ဒါကို ဘယ်နေရာမှာ သုံးရမှာလဲ"

ကုဝူကျိက ပဟေဠိဖြစ်သွားပြီး သော့ကိုသိမ်းထားလိုက်သည်။ အိမ်တော်ထိန်းနှင့် ချန်းကျားတို့ကလည်း သူ၏နောက်မှ ကပ်လိုက်လာကြသည်။

ကုဝူကျိ၏ လက်ထဲမှ သွေးစိုရွှဲနေသော မီးဖိုချောင်သုံးဓားကို ကြည့်လိုက်မိသည့် အိမ်တော်ထိန်း၏ နဖူးမှ ချွေးအေးများ စီးကျလာသည်။ တစ်ဖက်လူက ကြင်နာတတ်သောသူ ဖြစ်နေသည်။ သို့ရာတွင် ကုဝူကျိ၏ရှေ့တွင် ရပ်လိုက်ချိန်တိုင်း သူ့ကိုအမြဲတစေ ကြောက်လန့်စေသော ခံစားချက်မျိုးကို ရလာသည်။ ထိုခံစားချက်က တစ္ဆေသရဲများထက်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းပြီး ကုဝူကျိက ကြောက်မက်ဖွယ် သဲထိတ်ရင်ဖို ဇာတ်ကားထဲမှ ဗီလိန်ဇာတ်ကောင်နှင့်ပင် တူနေသေးလေသည်။

သို့ရာတွင် ... ဒါကလည်း ကောင်းတာပဲ။ အနည်းဆုံး သူ့အနားမှာနေတော့ လုံခြုံမှုတော့ ရှိသေးတာပေါ့။

သုံးယောက်သားက ရှေ့သို့ဆက်သွားကြသည်။ သူတို့က ယခင်ကအတိုင်း ပြုမူကြလေသည်။ မှန်ကို ထိုးခွဲပြီးနောက်တွင် ပတ်ဝန်းကျင်လေထုက ပို၍မည်းမှောင်လာပြီး အိမ်၏လျှပ်စစ်မီးများအားလုံး ပြတ်တောက်ကုန်ကာ စတင်မည်းမှောင်သထက် မည်းမှောင်လာသည်။

လက်ရှိအချိန်ကို ပြပေးနေသည့် မိုဘိုင်းဖုန်းကြောင့်သာ မဟုတ်လျှင် ကုဝူကျိကမူ ညအချိန် ရောက်သွားပြီဟု ထင်မိလောက်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now