အခန်း ၉၃

844 142 15
                                    

အပိုင်း ၉၃

သူက အမှောင်ထုအတွင်းသို့ ပြေးလိုက်သည့်တစ်ခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်ချည်းတိတ်ဆိတ်သွားကြောင်း ခံစားလိုက်ရသည်။ သူ၏အနောက်ဘက်မှ အသံတိုင်းကလည်း အပြည့်အဝပျောက်ကွယ်သွားသည်။ သူက အခြားသောလောကတစ်ခုသို့ ဝင်သွားသလိုမျိုး စိတ်ငြိမ်သွားခြင်းဖြစ်သည်။ သို့ရာတွင် သူက ထိုသို့သောအခြေအနေမျိုးကိုမျှော်လင့်ထားပြီးသားဖြစ်သည်။ မည်သို့ပင်ဆိုစေ ခေါင်းဆောင်များကိုရှာဖွေရန် လွယ်ကူမည်မဟုတ်ကြောင်း သိပြီးသားဖြစ်သည်။ ထိုခေါင်းဆောင်များက သူ့အပေါ် ကောင်းသော ခံစားချက်မျိုးပြနေသည့်တိုင်အောင် ထိုမျှမလွယ်ကူနိုင်ချေ။

ကုဝူကျိတွင်လည်း သံသယမရှိချေ။ သို့သော် သူက အရှေ့သို့ တဖြည်းဖြည်းချင်း ဆက်လျှောက်သွားလိုက်ပြီး သူ သိချင်သောအရာက အရှေ့တွင်ရှိနေကြောင်း ပြောနေသည့်မသိစိတ်ကို လက်ခံယုံကြည်လိုက်သည်။ သိပ်မကြာခင် သူ၏မျက်လုံးက တောက်ပသွားသည်။ သူ့အရှေ့တွင်ရှိနေသောအရာက ပန်းချီကားချပ်တစ်ချပ်ဖြစ်ပြီး ပန်းချီကားက ခမ်းနားသောရဲတိုက်၏ပန်းချီကားဖြစ်သည်။ အတွင်းရှိအစေခံများက သွေးကလန်ဝင်များဖြစ်နေကြသည်။ ထိုသွေးကလန်ဝင်များအတွင်းမှ အထက်တန်းလွှာ အမျိုးကောင်းသားတစ်ယောက်၏အပိုင်ရဲတိုက်ဖြစ်နိုင်သည်။

ပုံက အလွန်အဆင့်မြင့်သည်။ ကုဝူကျိက လှမ်း၍ ထိတွေ့၍ရသလို သုံးဘက်မြင်မျက်နှာပြင်တစ်ခုကို မြင်နေရသလိုမျိုး အတွင်းရှိပစ္စည်းများကိုလည်း ထိတွေ့၍ရသည်။

သို့သော် ထိုသို့သောဖြစ်နေသည့်တိုင်အောင် ရဲတိုက်၏ကျောချမ်းဖွယ် ကောင်းသည့် အေးစက်မှုကိုခံစားမိနေသည်။ အစေခံများကပင် မျက်နှာသေဖြင့်ဖြစ်နေကြသည်။

တစ်ခဏတွင် ရုတ်တရက် မျက်ဝန်းထောင့်၏အရိပ်များထဲမှ လူငယ်လေးတစ်ယောက်က ရုတ်တရက် လမ်းလျှောက်ထွက်လာသည်။ သူ့တွင်လည်း ငွေရောင်ဆံပင်ရှိသည်။ အနီရောင်မျက်ဝန်းပိုင်ထားသည်။ သူက အေးစက်စွာ ကြည့်လာသည်။

ကုဝူကျိက မကြောက်လန့်သွားချေ။ သူက ထိုအခွင့်အရေးကိုယူပြီး အနားသို့လျှောက်သွားလိုက်ကာ မှတ်ဉာဏ်ထဲမှ ထိုလူငယ်ကို အနီးကပ် လေ့လာကြည့်လိုက်ရာ ထိုလူငယ်က အနက်ရောင်အခေါင်းထဲမှလူနှင့် တစ်ထေရာတည်း တူကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် သူ သေချာသွားသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now