အခန်း ၃၇

1.5K 254 28
                                    

37 01

အခန်း(၃၇.၁)

ကုဝူကျိက မျက်လုံးကို တဖန်ပြန်ဖွင့်လိုက်သောအခါ သူဟာ ဧည့်ခန်းထဲရှိ ကုတင်ပေါ်တွင် လှဲနေကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် ဖုန်းကိုယူကာ ကြည့်လိုက်ချိန်တွင် သူအိပ်ပြီးသည့် နောက်တစ်နေ့သို့ ရောက်နေကြောင်း သိလိုက်ရသည်။

ချန်းကျားကလည်း မနေ့ညက အိပ်သွားသည့် ပုံစံအတိုင်း အနီးအနားတွင်ရှိသည့် ဆိုဖာပေါ်တွင် အိပ်မောကျနေသည်။ သူက အိမ်မက်ဆိုး မက်နေဟန်ဖြင့် မျက်မှောင်က ဆက်တိုက်ကျုံ့နေသည်။

အရာအားလုံးက အိမ်မက် မက်ခဲ့သလိုမျိုး ဖြစ်ပွားခဲ့ပြီး ကုဝူကျိကိုပင် မှင်တက်စေသော ခံစားချက်မျိုးကို ကျန်ရစ်စေသည်။ ထို့အပြင် ဒီပုံတူလောကက အစစ်အမှန် လောကနှင့် အလွန်နီးကပ်စွာ ဆက်နွယ်နေခြင်းဖြစ်ကာ ပုံတူလောကကို ရှင်းလင်းပြီးနောက်တွင် ဖြစ်သွားမည့် အပြောင်းအလဲကို မည်သူကမှ မသိနိုင်ချေ။

[ကစားသမားအနေနဲ့ အစစ်အမှန် ပုံတူလောကကို အောင်မြင်စွာ ကျော်ဖြတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီပုံတူလောကကို အောင်မြင်စွာ ကျော်ဖြတ်လိုက်နိုင်တဲ့ အတွက်ကြောင့် အမှတ်တစ်ရာ အာမခံချက်အပြည့်နဲ့ ရရှိသွားပါပြီ။ ဒီပုံတူလောကက ပုံတူလောကစာရင်းထဲမှာ မပါဝင်ဘဲ ထူးခြားနေတဲ့အတွက်ကြောင့် ကစားသမားကို အပိုစုကြေးတွေ ချီးမြင့်ပေးတော့မှာပါ။ ဒါ့အပြင် ဒီပုံတူလောကအတွင်းမှာ ကစားသမားရဲ့ လုပ်ဆောင်ခဲ့တဲ့ ပြောင်မြောက်တဲ့ ဖျော်ဖြေမှုတွေအပြင် သော့ချက် အချက်အလက်တွေကို ရရှိနိုင်ခဲ့ပြီး ရန်ငြိုးကြီးဝိညာဉ်ကိုလည်း ချိတ်ပိတ်နိုင်ခဲ့ခြင်း ပုံတူလောကထဲက ဖြတ်သွားဖြတ်လာတွေကို ကယ်ဆယ်နိုင်ခဲ့ခြင်းတို့ကြောင့် အားလုံးပေါင်း အမှတ်ကိုးရာ ဆုလဒ်အဖြစ် ချီးမြင့်လိုက်ပါတယ်]

ကုဝူကျိက ထိုစကားများကို ကြားသောအခါ ခေါင်းတဆတ်ဆတ် ညိမ့်လိုက်သည်။ သူသည်လည်း ဒီလိုအမှတ်များ တိုးပေးသည့် အခြေအနေမျိုးက အလွန်ပုံမှန်ဖြစ်လွန်းသည်ဟု ခံစားလိုက်ရသည်။ ယခင်ကဆိုလျှင် သူ့အနေဖြင့် တစ်သုတ်ထဲ အမှတ်လေးထောင်ပင် ရရှိခဲ့ဖူးသေးသည်။ ထိုအချိန်ကဆိုလျှင် သူပင် အံ့သြနပန်း ဖြစ်ခဲ့ရသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now