အခန်း ၁၉

2.9K 465 4
                                    

အပိုင်း ၁၉

နောက်ဆုံးတွင် စိတ်ရှုပ်ထွေးမှုများနှင့် နားလည်မှုလွဲမှားခြင်းများက အဆုံးသတ်သွားခြင်း မရှိသေးပေ။ သည်လိုအခြေအနေ အလှည့်အပြောင်း ဖြစ်လာပြီးနောက်တွင် ချန်းကျားကဲ့သို့ လူမျိုးက အလွန်ထိတ်လန်နေပြီဖြစ်ရာ ဆက်တိုက်ပင် မျက်ရည်အပြည့်ဖြင့် တောင်းပန်တော့လေ၏။ တစ်ခုတည်းသော ခြားနားချက်မှာ သူ ဒူးမထောက်ရုံတမယ် ဖြစ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ကုဝူကျိကို တစ်ယောက်တည်း သူ အိမ်ပြန်ခွင့်မပြုနိုင်တော့ပေ။

ကုဝူကျိက သည်လိုဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။

အရင်က ရှောင်ချန်းကျုံးက အခုလိုရှောင်ချန်းကျုံးနဲ့ တစ်ယောက်တည်းပဲလား၊ ဘာလို့မှားယွင်းနေတယ်လို့ သူ ခံစားမိနေရတာလဲ။

"ထားလိုက်ပါတော့ အခုလည်းနောက်ကျနေပါပြီ၊ ငါလည်း အချိန်မဖြုန်းချင်တော့ဘူး အရင်ဆုံး ဆေးရုံခန်းထဲကို တစ်ချက်ကြည့်ရအောင်"

ကုဝူကျိက ချန်းကျား၏ ဆေးရုံခန်းအတွင်းသို့ ဝင်ရောက်သွားသည်။ ထိုအခါ ဆေးရုံခန်းက အလွန်ခမ်းနားပြီး သူ့အိမ်ထက်ပင် သက်တောင့်သက်သာရှိကြောင်း မြင်လိုက်ရ၏။

ထိုတစ်ခဏတွင် ရုတ်တရက် ချန်းကျားကို ဆေးရုံတွင် အဖော်ပြုပေးရခြင်းကလည်း အကြံဆိုးမဟုတ်ဟု သူခံစားမိသွားသည်။

ချန်းကျားက ထိတ်လန့်နေသေးသည်။ သို့သော် ကုတရှီက သူ၏အနားတွင်ရှိနေကြောင်းကို သတိထားမိသောအခါ သေချာစွာပင် ပြဿနာမရှိဟု လက်ခံလိုက်သည်။ သူ အဆုံးစွန်ဆုံးအထိ အလွန်ကြောက်လန့်ခဲ့ပြီးနောက်တွင် ကုတရှီက အနားတွင်ရှိနေခဲ့ပြီဖြစ်ရာ ထိုင်စရာနေရာရှာတွေ့ထားသော ချွေးမတစ်ယောက်ကဲ့သို့ပင် ထင်ရသည်။ သူက ကုဝူကျိအနားမှ မထွက်သွားရဲတော့ပေ။ သူသာ ဂရုမစိုက်မိလျှင် သရဲများနှင့်တွေ့မည်ကို စိုးရိမ်နေခဲ့၏။

ကုဝူကျိက ချန်းကျားမိသားစုမှ အခြေအနေကို စုံစမ်းသည်။

ချန်းကျား၏ ကုဝူကျိအပေါ်ယုံကြည်မှုက အလွန်အမင်းမြင့်မားနေခဲ့ချေပြီ။ ထို့ကြောင့် များများစားစားမတွေးဘဲ အရာအားလုံးကိုပြောပြလိုက်၏။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now