အခန်း ၂၃.၃

1.5K 229 8
                                    

Unicode
အပိုင်း ၂၃.၃

သူ၏ခွန်အားက ငယ်စဉ်ကတည်းက သာမန်လူများထက် သာလွန်ခဲ့သည်။ သရဲများနှင့် ကြိမ်ဖန်များစွာ တွေ့ကြုံခဲ့ရမှုကြောင့် သူပင် မသိမထားမိသောအချိန်တွင် သူ၏ ခွန်အားက အလွန်အမင်းကြီးမားလာခဲ့၏။ သရဲများကိုကိုင်တွယ်ရာတွင် အားအင်ညီမျှလာသည်အထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အတန်းထဲမှ ကျောင်းသားအချို့ပင် သူက သူ၏ သည်ထူးခြားမှုကိုသုံးပြီး အခြားသူများအပေါ် အနိုင်မကျင့်သင့်ဟု စွပ်စွဲခဲ့သေး၏။

အတိတ်အချိန်က ကုဝူကျိ၏ ခွန်အားက သာမန်လူများနှင့်နှိုင်းယှဉ်သော် အလွန်များပြားခဲ့သည်။ သို့သော် ထိတ်လန့်ခြောက်ခြားဖွယ် အဆုံးမဲ့သော လောကထဲသို့ ဝင်ရောက်လာပြီးသည့်နောက်တွင် သူ၏ခွန်အားက ထပ်မံတိုးတက်လာကြောင်း ခံစားမိလာခဲ့သည်။ ယခုအခါ မှင်သက်ဖွယ်ကောင်းသည့်အဆင့်အထိ ကြီးမားလာခဲ့၏။

သူ ယခင်ကရထားသော သရဲထိန်းချုပ်ခြင်းစွမ်းရည်အကြောင်းကို ကုဝူကျိ ပြန်တွေးမိသွားသည်။ သည်ပုံတူလောကတွေထဲမှရလာသော ထိုကဲ့သို့သောအရာများတွင် ခွန်အားကို တိုးမြှင့်ပေးနိုင်သော သက်ရောက်မှုတစ်ခုခုရှိနေမည်ဟု သူပင် သံသယဝင်မိသည်။

ထို့ကြောင့် သူ သည်လိုမွန်းစတားတစ်ကောင်ကို ကိုင်တွယ်နိုင်ခြင်းလည်း ဖြစ်သည်။ သရဲထိန်းချုပ်ခြင်းစွမ်းရည်ကို လျင်မြန်စွာ အသုံးပြုနိုင်စွမ်းကိုလည်း ထပ်ပေါင်းထည့်သင့်သေး၏။ သရဲထိန်းချုပ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်သောအခါ ကုဝူကျိက ရှင်းလင်းစွာဖြင့် ခံစားမိသည်မှာ သူ့ကိုဆန့်ကျင်နေသော အခြားသော ထူးခြားသည့်အားတစ်ခု ရှိနေခြင်းကိုသာလျှင်ဖြစ်သည်။ ထို့ကြောင့် သူ အဆင့်နိမ့် သရဲများကို ထိန်းချုပ်နိုင်စွမ်းပင် မတတ်နိုင်အောင်ဖြစ်စေ၏။

ဂျက်က ကုဝူကျိကို မြင်သောအခါ နောက်ဆုံးတွင် စိတ်အေးသွားပုံရပြီး သက်ပြင်းရှိုက်ထုတ်လိုက်သည်။ သူ၏ရင်ထဲ ဩစတင်၏ကံကောင်းမှုက အလွန်ကြီးမားပြီး သည်လိုသက်တော်စောင့်မျိုးကို ငှားရမ်းနိုင်သည်ဟုတွေးကာ အံ့ဩနေမိသည်။ သူ၏မွန်းစတားများဖြစ်သွားသော သက်တော်စောင့်များထဲ ကုဝူကျိက အလွန်သာသည်။သူ ချက်ချင်းဆိုသလိုပင် စိတ်အခြေအနေကို ပြန်ထိန်းပြီးနောက် စပြောလိုက်၏။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now