အခန်း ၇၀

1.4K 200 11
                                    

70 01

အပိုင်း ၇၀

ထိုအဖွားအိုကြီးပြောပြသော အမှန်တရားအများစုကို လူတိုင်းက ကြားဖူးပြီးသားဖြစ်သည်။ ဒါက တစ်ရွာလုံးတွင် ပျံ့နှံ့နေပြီးသားဖြစ်ပြီး လူသိများသည့် သည်ပုံပြင်၏ဗားရှင်းတစ်ခုဖြစ်သည်။

သို့သော် အခြားသူများက မသိသည်လား သို့မဟုတ် ဖုံးကွယ်ထားသည်လား မသိရသည့် အချို့သောအသေးစိတ်အချက်အလက်များကို ပြောပြလာခြင်းဖြစ်သည်။

သည်ရွာရှိ အရာအားလုံးတိုင်းနီးပါးကို ရွာသူကြီးက ထိန်းချုပ်ထားသည်။ ရွာသူကြီးတစ်ယောက်တည်းကသာ တောင်နတ်ဘုရားနှင့် ဆက်သွယ်နိုင်သောကြောင့် အဆင့်အတန်းက ပုံမှန်မဟုတ်လောက်အောင်မြင့်သည်။

သို့သော် ကြောက်စရာကောင်းသောအချက်က သူမက အပြင်ရွာမှ သည်ရွာသားနှင့်လက်ထပ်ပြီး ဝင်ရောက်လာခြင်းဖြစ်သည်။ သို့သော် ထိုအချိန်ကတည်း က စတင်ပြီးရွာသူကြီး၏ရုပ်ရည်က ဘယ်သောအခါ မှမပြောင်းလဲခဲ့ခြင်းဖြစ်သည်။

လူတိုင်းက သည်စကားကိုကြားသောအခါ သူတို့၏မျက်နှာအမူအရာများက လေးနက်သွားကြသည်။ ရွာသူကြီးက ပုံမှန်မဟုတ်ကြောင်း သူတို့က ခန့်မှန်းထားပြီးသားဖြစ်သည်။ သို့တိုင်အောင် ယခုလိုနားထောင်ရသောအခါ အတိတ်အချိန်ကတည်းက ရွာသူကြီးက ဆယ်စုနှစ်ပေါင်းများစွာ ကြာသွားသည့် တိုင်အောင် ပုံစံမပြောင်းတော့ဘဲရှိနေသည်မှာ ပုံမှန်မဟုတ်ကြောင်း ပို၍သေချာသွားစေခဲ့သည်။

ထိုအဖွားအိုကြီးက ဆက်ပြောပြသည်။

အားရင်၏အလောင်းပြန်ပေါ်လာပြီးကတည်းက ရွာထဲတွင် အခြားသရဲမများလည်း ပြန်ပေါ်လာသည်။ ထိုအချိန်ကစတင်ပြီး ရွာသူကြီးက တောင်နတ်ဘုရားနှင့် ဆက်သွယ်ခဲ့ကာ ညဘက်တွေ အပြင်မထွက်သင့်တော့ကြောင်း နည်းလမ်းကို ထုတ်ပြောခဲ့သည်။ ညနေရောက်သည်နှင့် ရွာထဲတွင် ထူးဆန်းသောမြူများက ပေါ်လာပြီး ထိုမြူထဲတွင်လည်း သရဲမများကပေါ်လာသည်။ ထို့ကြောင့် အိမ်တိုင်းအိမ်တိုင်း မီးအိမ်ဆောင်ထားမှသာ လုံခြုံမည်ဟုဆိုသည်။

ယခင်က သတိုးသမီးလောင်းများကို ပို့ခဲ့ပြီးသည့်မိသားစုများအတွက်ကမူ မီးအိမ်များမရှိချေ။ ဒါက ရွာသူကြီးက တားမြစ်ထားသောအရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူတို့၏သမီးများကို စတေးခံအဖြစ်ပို့ခဲ့ရသော မိသားစုများကလည်း သိပ်မကြာခင် ပြင်းထန်ရက်စက်သောနည်းလမ်းဖြင့် သေဆုံးသွားလေ့ရှိသည်။ အမှားမလုပ်ထားသောသူများအတွက်ကမူ ပြဿနာမရှိသော်လည်း တဖြည်းဖြည်းချင်း ရွာသားများ၏ ဖယ်ကျဉ်ခြင်းကိုခံခဲ့ရသည်။ ပို၍ဆိုးသည်မှာ မီးအိမ်များက မရိုးရှင်းခြင်းဖြစ်သည်။ ထိမိသည်နှင့်ကံဆိုးတတ်ပြီး တစ္ဆေများ၏အမဲလိုက်ခံရပေမည်။ ရွာသူကြီးကိုယ်တိုင်ကလည်း ထိုအချက်ကို မရှင်းပြနိုင်ချေ။ ဒါက တောင်နတ်ဘုရား၏ဒေါသကြောင့်ဆိုသည်။ ထို့ကြောင့် ရွာသားများက ညဘက်ဆိုလျှင် အပြင်သို့မထွက်သည့် အလေ့အကျင့်ရလာသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now