အခန်း ၅၈

1.3K 206 3
                                    

58 01

အပိုင်း ၅၈

မသိလိုက်မသိဘာသာပင် ရုပ်ရှင်ဇာတ်ကြောင်းက တစ်ဝက်ခန့် ပြီးသွားပြီဖြစ်သည်။

ဇာတ်ညွှန်းထဲမှ အဓိကဇာတ်လိုက်များနှင့် အခြားသူများကလည်း ထိုအိမ်က ထူးဆန်းနေသည်ဟု ခံစားရသည်။ သို့သော် သူတို့က နှလုံးသားကြီးသူများကြလေရာ သူတို့၏သတိအနေအထားကို မမြှင့်တင်ထားကြချေ။

ရိုးအီနေသောရိုမန့်ပုံစံက လူအများကိုငြီးငွေ့စေသည်။ ကုဝူကျိပါဝင်သရုပ်ဆောင် ထားသော ဒုတိယအမျိုးသားဇာတ်လိုက်ကလည်း ထိုသို့ဖြစ်နေသည်။ သူက အစစ်အမှန်မဆန်သော ပုံစံမျိုးနှင့်သရုပ်ဆောင်ထားခြင်းဖြစ်နေသည်။ ဥပမာအားဖြင့် သူက မည်သို့သောအခြေအနေမျိုးတွင်မဆို အမျိုးသမီးဇာတ်လိုက်ကို အလွန်အမင်း သဘောကျနေသည်။ သို့သော် အမျိုးသမီးကမူ အဓိကဇာတ်လိုက်ကိုသာ စိတ်ဝင်စားသည်။ မူလက လူတိုင်းက သည်လိုထွက်နေသော ဇာတ်ကြောင်းမျိုးကို စိတ်မဝင်စားကြချေ။ သို့သော် သူ၏သရုပ်ဆောင်နိုင်စွမ်းရည်ကမူ သူတို့၏မျှော်လင့်ထားသမျှကို ကျော်လွန်သွားသည်။ သူက မင်းသမီးကို ကြည့်လိုက်ချိန်တိုင်း ဖုံးကွယ်ထားသော နက်ရှိုင်းသည့်ချစ်ခြင်းတရားများကို မြင်နိုင်ကြသည်။ အဓိကဇာတ်လိုက်နှင့်အမျိုးသမီးဇာတ်လိုက်တို့က သူတို့၏ချစ်ခြင်းကို ဖော်ပြကြသောအခါ သူ ထုတ်ပြလာသော ခံစားချက်က အစစ်အမှန်ဆန်လွန်းသည်။ ထိုသို့သောလူမျိုးက အမှန်တကယ်တည်ရှိနေသလို ခံစားမိလာစေသည်။

မူလက ချန်းကျားက လူအများကို ဆရာသခင်ကု၏စွမ်းရည်ကို အတွေ့အကြုံရယူစေလိုခဲ့သည်။ သို့သော် သူကိုယ်တိုင်က ကြည့်မိပြီးနောက်တွင် သတိလက်လွတ် ဇာတ်ကြောင်းထဲမျောပါသွားသည်။ သူ မနေနိုင်ဘဲ ရုပ်ရှင်ထဲမှ အဓိကဇာတ်လိုက်ကိုခေါ်ပြီး လှုပ်ခါပစ်လိုက်ချင်ကာ ဘာလုပ်နေသနည်းဟု မေးလိုက်ချင်သည်။

အဆုံးမှာ အမျိုးသမီးဇာတ်လိုက်က ဘာဖြစ်သွားလဲ၊ ဒီလိုလူကို ချစ်ဖို့တန်ရဲ့လား။

အထူးသဖြင့် အမျိုးသမီးဇာတ်လိုက်က သဘောကျသော အမျိုးသားဇာတ်လိုက်၏မျက်နှာက အံ့အားသင့်စရာ ကောင်းလွန်းနေခြင်း ဖြစ်သည်။ ဒုတိယအမျိုးသားဇာတ်လိုက်နှင့်ယှဉ်သော် သူက အလွန်အမင်း နိမ့်ကျလွန်းနေသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now