အခန်း ၅၃

1.4K 219 3
                                    

53 01

အပိုင်း ၅၃

ဟုန်ကောက သူ၏အရှေ့ရှိလူဟာ ကုဝူကျိ ဟုတ်မဟုတ်သေချာအောင် ထပ်ခါတလဲလဲ စစ်ဆေးခဲ့သည်။ အခြားတစ္ဆေသရဲတစ်ကောင်ကောင်က အယောင်ဆောင်ထားခြင်း ဖြစ်နေမည်အား သူက စိုးရိမ်နေခြင်းလည်း ဖြစ်သည်။

ထိုအခိုက် ဟုန်ကောကဲ့သို့ စိတ်ဓါတ်ခိုင်မာသောလူကပင် သေခြင်းတရားမှ လွတ်မြောက်လာသော ခံစားချက်မျိုးတောင် လိုချင်သွားသည်။ သူက ကုဝူကျိကိုလည်း အလွန်အမင်း သဘောကျနှစ်သက်စိတ်လည်းပေါ်လာကာ တိုက်ရိုက်ပင် ညီအစ်ကိုကောင်းအဖြစ် သတ်မှတ်လိုက်သည်။

ကုဝူကျိက မည်သို့ရှင်သန်လာသနည်း ဆိုသည့်အကြောင်းအရာကို ဟုန်ကောက မမေးမြန်းတော့ချေ။ မည်သို့ပင်ဆိုစေ သည်ပုံတူလောကထဲရှိ ကစားသမားများတွင်လည်း ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိလေရာ ထုတ်ပြောရန်မသင့်ချေ။

"မင်းက ဘာလို့ ဒီနေရာကိုရောက်နေတာလဲ၊ အပြင်က သရဲတွေ ဘယ်ရောက်သွားသလဲ"

ဟုန်ကောက ပြောလိုက်ချိန်မှ သူ၏ခြေထောက်များက အနည်းငယ် အားနည်းနေသည်ဟု ခံစားလိုက်ရသည်။ ကုဝူကျိက ချက်ချင်းသတိထားမိသဖြင့် ဟုန်ကောကို တွဲပေးလိုက်သည်။

"ဒါက ပုံပြင်ရှည်ကြီးပဲ၊ ဒီနေရာက အရင်ဆုံးမြန်မြန်ထွက်သွားရအောင်"

ကံကောင်းစွာဖြင့် သူက အချိန်မီရောက်လာခဲ့သည်။ သူက တတိယထပ်သို့ ရောက်သောအခါ ပန်းချီကားချပ်ရှိသောအခန်းထဲသို့ ဝင်သွားသောသရဲတစ်ကောင်ကို မြင်လိုက်ရသည်။ သူက အရှေ့တက်သွားလိုက်သည့်အချိန်တွင် မကောင်းဆိုးဝါးကလည်း ချက်ချင်းဆိုသလို အရှေ့သို့ခုန်ဝင်လာခြင်းဖြစ်သည်။ ပြောရလျှင် ထိုမကောင်းဆိုးဝါးက ယဉ်ပါးခံထားရသလိုမျိုး ကြိုးမရှိသည့်တိုင်အောင် နာခံနေသေးသည်။ ထိုအချက်က ကုဝူကျိကို အံ့ဩစေသည်။

ဟုန်ကောကလည်း သူ၏ခန္ဓာကိုယ်က လဲပြိုကျတော့မည်ဟု ခံစားနေရလေရာ မနေနိုင်ဘဲ ညည်းလိုက်မိသည်။ သူ၏ နဖူးမှ ချွေးစေးများပင် ကျလာသည်။ သူက အပြင်တွင် လမ်းလျှောက်လိုက်သည့်အချိန်တွင်ပင် ကော်ရစ်တာဘက်မှလာသော ကျယ်လောင်သောအသံကို ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကာ ကြည့်လိုက်ချိန်တွင် ရှင်းလင်းနေသော ပြတင်းပေါက်မှတစ်ဆင့် တစ်ကိုယ်လုံး သွေးများစိုရွှဲနေပြီး ပုံမှန်မဟုတ်သော သတ္တဝါတစ်ကောင်နှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသော မကောင်းဆိုးဝါးတစ်ကောင်ကို တွေ့လိုက်ရသည်။ ကုဝူကျိကလည်း တည်ငြိမ်စွာဖြင့် ရှေ့ထွက်သွားသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now