အခန်း ၁၇

3K 444 16
                                    

အပိုင်း ၁၇

ကုဝူကျိ နိုးလာပြီးနောက် သူ မီးဖိုခန်းအတွင်းတွင်သာ ရှိနေကြောင်း တွေ့လိုက်ရသည်။

သူ၏စွမ်းရည်ကို ထုတ်ဖော်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသော ပစ္စည်းများကို ကြည့်ပြီးနောက် မသက်မသာဖြစ်သွားရသည်။ လက်ရှိတွင် ထိုပစ္စည်းများက ပါဝင်ပစ္စည်းဟုပင် မဆိုသင့်တော့ပေ။ စားပွဲပေါ်တွင် အရှုပ်အပွကြီး ဖြစ်နေခဲ့သေးကာ ကုဝူကျိ၏ရင်ထဲ နောင်တများရရှိလာစေ၏။

လက်ရှိတွင် သူ့အနေဖြင့် ဝင်ငွေပြဿနာ မရှိတော့သည့်တိုင်အောင် ကုဝူကျိက သူ၏လက်ရာက အကောင်းဆုံးဟု ခံစားမိနေသေးသည်။ သူ စမ်းသပ်ကြည့်ချင်နေသေး၏။ မမျှော်လင့်ထားသည်မှာ ထိုကော်ပီနှင့် ကြုံသွားခြင်းဖြစ်သည်။

စနစ်ကကော်ပီအတွင်းတွင် အချိန်က ရပ်တန့်ထားသည်ဟု ဆိုထားသည့် တိုင်အောင် သူပြန်ထွက်လာသည့်အချိန်တိုင်း အသိစိတ်မဲ့နေလေ့ရှိသည်။ ထို့ကြောင့် ဒုက္ခရောက်ရလေ့ရှိ၏။

[ကစားသမား ဒုတိယမြောက်ကော်ပီကို ဖြတ်ကျော်နိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒီအတွက် အခြေခံအာမခံအမှတ် တစ်ရာရရှိပါတယ်၊ ကစားသမားက သရဲတွေနှင့် ရန်ငြှိုးကြီးဝိညာဉ်တွေဆီက သဘောကျတဲ့ထင်မြင်ချက်ရရှိခဲ့တဲ့အတွက် ကော်ပီရဲ့အဓိကသဲလွန်စတွေကို ရရှိခဲ့တဲ့အတွက် ထပ်ပေါင်းပြီး အမှတ် ငါးရာရရှိပါတယ်၊ လက်ရှိ အားလုံးပေါင်းအမှတ်ကတော့ တစ်ထောင်ပါ။]

ကုဝူကျိ ကြောင်သွားသည်။ စွမ်းအားအကြီးဆုံး ရန်ငြှိုးကြီးဝိညာဉ်က ဘယ်သူလဲ။

ကလေးသရဲပဲဖြစ်လိမ့်မယ်။

သို့ရာတွင် သူက ထွက်လာခဲ့ပြီးပြီဖြစ်လေရာ ထိုအရာမျိုးကို ဆက်တွေးနေရန် မလိုအပ်တော့ပေ။

အမှတ်တစ်ထောင်ကပင် လုံလောက်နေပြီဖြစ်သည်။ သို့သော် ကုဝူကျိအနေဖြင့် ဝယ်ချင်သော ဝှက်ဖဲများ မရှိနေသေးပေ။ အချန်တစ်ခုကြာ သူ ဒါကို ထိန်းသိမ်းထားနိုင်သေး၏။

[ထပ်ပေါင်းအနေနဲ့ ကော်ပီအတွင်းမှာ ပြောင်မြောက်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့ ဖျော်ဖြေမှုကြောင့် ပိုင်ရှင်ရဲ့စွမ်းရည်က အဆင့်မြင့်တက်သွားပါပြီ။]

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now