59 01
အပိုင်း ၅၉
သိပ်မကြာခင် ကုဝူကျိက အဓိကဇာတ်လိုက်နေရာမှ သရုပ်ဆောင်ထားသော ဇာတ်လမ်းပြသည့်ရက်ဖြစ်လာသည်။
အလုပ်မှပြန်လာသောဖန်းရီယွန်က ရုပ်ရှင်ရုံထဲသို့ဝင်လိုက်သည်။ သူက အချိန်ဖြုန်းရန် ရုပ်ရှင်ကြည့်ခြင်းဖြစ်သည်။ သို့သော် သူ၏အကြည့်က ရုပ်ရှင်ပို့စ်စတာထံသို့ ရောက်သွားသောအခါ ရပ်တန့်သွားသည်။
သံသယဝင်ရန်မလိုလောက်အောင် နာမည်က ကုဝူကျိ၏ရုပ်ရှင်ဇာတ်လမ်းနာမည် ဖြစ်နေသည်။ သူမက ထိုရုပ်ရှင်နှင့်ပတ်သက်ပြီး သတင်းများကိုလည်း ကြားထားသည်။ ထို့ကြောင့် ကြည့်မကောင်းလောက်ချေ။ သို့သော် ပို့စ်စတာမှ ခန့်ညားချောမောကြည့်ကောင်းသော အမျိုးသား၏ပုံရိပ်ကမူ အာရုံကို ဖမ်းစားလွန်းနေသည်။
မည်သို့ပင်ဆိုစေ ဒါက အချိန်ဖြုန်းရုံသက်သက်ဖြစ်သည်။ ဖန်းရီယွန်ကလည်း အတွင်းမှ သတိအပြည့်ထားနေသော စိတ်အခြေအနေကို ထိန်းလိုက်ပြီးနောက် လက်မှတ်ဝယ်လိုက်သည်။
ထိုအခါမှသာ ထိုရုပ်ရှင်က အလွန်ကျော်ကြားနေသေးကြောင်း သတိရလိုက်သည်။ အကြောင်းမူကား သူမ နောက်ဆုံးလက်မှတ်ကိုပင် အသည်းအသန် လုရမတတ်ဖြစ်လာသည်။
ရုံထဲတွင်လည်း လူအများရှိနေသည်။ အများစုကမူ ထိုရုပ်ရှင်က မည်မျှဆိုးကြောင်းလာကြည့်ကြခြင်းဖြစ်ပြီး အနည်းစုကမူ ပို့စ်စတာ၏ဆွဲဆောင်ခံရပြီး လာကြသည့်သူများနှင့် ဘာကိုမျှဂရိုမစိုက်သောပရိတ်သတ်များဖြစ်နေသည်။
ရုပ်ရှင်ကစပြသောအခါ ပတ်ပတ်လည်တွင် အထင်သေးသောမှတ်ချက်များက ပလူပျံနေသေးသည်။ ထို့ကြောင့် ဖန်းရီယွန်က မျက်မှောင်ကြုတ်မိသည်။ သူမကလည်း သည်ရုပ်ရှင်က အစပိုင်းကတည်းက ဆိုးရွားလွန်းနေသည့်အတွက် မျက်မှောင်ကြုတ်မိ ပြန်သည်။
မည်သို့ပင်ဆိုစေ ယခုလိုမျိုး ဖန်တစ်ရာထေထပ်နေသော ချစ်ခြင်းဇာတ်ကွက်မျိုး က သည်လိုဇာတ်လမ်းမျိုးတွင် ပါဝင်လာသည့်အခါ ကြောက်စရာကောင်းလွန်းသွားလေသည်။
သို့သော် ကုဝူကျိသရုပ်ဆောင်သော ဒုတိယဇာတ်လိုက်က ပေါ်လာသောတစ်ခဏတွင် ရုပ်ရှင်ရုံထဲတွင် တအံ့တဩ အော်သံများပင်ပေါ်လာသည်။ ဖန်းရီယွန်ကလည်း မှင်တက်သွားရသည်။ သူမ ပို့စ်စတာကိုမြင်ခဲ့သောအချိန်ကပုံနှင့် ကွာခြားနေကြောင်းခံစားမိသည်။ ထိုအဓိကဇာတ်လိုက်နံပါတ် ၂ က ဖန်သားပြင်ပေါ်တွင် ကြီးမားသောပုံစံကြီးဖြင့် ပေါ်လာသည့်အချိန်တွင် အလွန်ချောကာ ကြည့်ကောင်းလွန်းပြီး စိတ်နေသဘောထားအရကလည်း နက်ရှိုင်းစွာ ယစ်မူးသွားစေသော ဆွဲဆောင်မှု ရှိနေသည်။
YOU ARE READING
နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်
Horrorဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်