အခန်း ၈၀

1.2K 160 5
                                    

80 01

အပိုင်း ၈၀ နံပါတ် ၇ ပုံတူလောက

ကုဝူကျိက နိုးထလာသောအခါ ကောင်းကင်က မှောင်နေပြီး သူ၏အနောက်တွင်လည်း မြူများက အုပ်ဆိုင်းနေသည့် တောအုပ်သာရှိကြောင်း မြင်လိုက်ရသည်။ သူ၏အရှေ့တွင်မူ ရဲတိုက်တစ်ခု၏အပြင်ဘက်ခြမ်းတွင်ရှိနေသည့် မဖွံ့ဖြိုးသေးသော ခေတ်နောက်ပြန်ဆွဲသည့်ဥရောပတိုင်းပြည်စတိုင် ရွာတစ်ရွာကို မြင်လိုက်ရသည်။ သူက ထိုလမ်း၏အလယ်တွင် ရပ်နေခြင်းဖြစ်သည်။

လုယွမ်ကျိုးနှင့်အတူ သည်ပုံတူလောကကိုဝင်ရန်အတွက် တစ်ဖက်သူက သူ့ကို ပစ္စည်းတစ်ခုပေးထားသည်။ သူက ထိုမှော်ပစ္စည်းကိုမှီခိုရုံဖြင့် တစ်ဖက်သူနှင့်အတူ ပုံတူလောကထဲတွင် အတူတွေ့ဆုံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒါက အံ့အားသင့်စရာ မကောင်းပေ။

ကုဝူကျိက ခေါင်းလှည့်လိုက်ပြီး အနောက်သို့ကြည့်လိုက်သောအခါ ကစားသမားအချို့ကိုမြင်လိုက်ရသည်။ သည်နေရာရှိမြူက သိပ်သည်းနေကတည်းက ထိုလူများ၏ပုံရိပ်ကို ခပ်ရေးရေးသာမြင်နိုင်သည်။ သို့သော် အများစုက အဖြူရောင်ဝတ်စုံကိုသာ ဝတ်ထားကြောင်းမြင်လိုက်ရသည်။

ဒီမှာဘာတွေဖြစ်နေတာလဲ၊ တစ်ခုခုတော့ မဟုတ်တော့ဘူး။

ကုဝူကျိက မျက်မှောင်ကြုတ်သည်။ ယခုလိုဝတ်စုံမျိုးနှင့် ကစားသမားများကို သူက မမြင်ဖူးသေးချေ။

ထို့နောက် ရုတ်တရက် သူဝတ်ဆင်ထားသော ဝတ်စုံကလည်း မှားယွင်းနေကြောင်း သတိထားလိုက်မိသည်။ ကုဝူကျိက ခေါင်းငုံ့ကာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်ပြီးနောက် သူဟာ အမျိုးသမီးတစ်ယောက်၏ဝတ်စုံကို ဝတ်ထားကြောင်း မြင်လိုက်ရသည်။ အဖြူရောင်စကတ်ကလည်း ဥရောပအလယ်ခေတ်စတိုင်မျိုးဖြစ်နေပြီး ဖာထေးရာများရှိနေလေသည်။ ထို့အပြင် ထပ်ခါတလဲလဲဝတ်ထားသည့်ပုံစံလည်းပေါ်ပြီး ဟောင်းနွမ်းနေသေးသည်။ ကုဝူကျိက လက်ဆန့်ထုတ်လိုက်ပြီး ဆံပင်ကို တစ်ချက်သပ်လိုက်သောအခါ သူ၏ခေါင်းပေါ်မှ နူးညံ့နေသောဆံပင်အကောက်များကို ခံစားလိုက်ရသည်။

"..."

[ဒီပုံတူလောကရဲ့ထူးခြားတဲ့ဇာတ်ကြောင်းပုံစံကြောင့် ကစားသမားတစ်ဝက်လောက်က အမျိုးသမီးဝတ်စုံကို ဝတ်ဖို့ဖြစ်လာခဲ့ပါတယ်]

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now