အခန်း ၇၅

1K 196 21
                                    

အပိုင်း ၇၅ နံပါတ်၆ကော်ပီဖိုင်နယ်

ကုဝူကျိက အနည်းငယ်တုန်လှုပ်သွားသလိုဖြစ်သွားကြောင်းမြင်သောအခါ ရွာသူကြီးကလည်း သူက အခွင့်အရေးကို ဖမ်းဆုပ်လိုက်မိပြီဟုထင်လိုက်ပြီး ချက်ချင်း ဝင်ပြောလိုက်သည်။

"တကယ်တော့ ငါ မင်းကို အရမ်းကိုလေးစားမိတာပါ၊ မင်းကသာ အခု အဲ့ဒီမင်္ဂလာဝတ်စုံကို ချွတ်လိုက်မယ်ဆိုရင် လက်ရှိပြဿနာကိုဖြေရှင်းနိုင်မှာပဲ"

ထိုအချိန်တွင် ကုဝူကျိအရှေ့မှသရဲကလည်း တောင်နတ်ဘုရားကိုကိုင်တွယ်ပြီး အလုပ်များနေလေရာ အခြားသူများကိုကိုင်တွယ်ရန် စွမ်းအင်လုံလောက်မနေချေ။ ကုဝူကျိက သူ့ကို သည်လိုအခြေအနေမျိုးတွင် သစ္စာဖောက်လိုက်မည်ဆိုလျှင် တစ်ဖက်သူအတွက် ကြီးမားသောထိုးနှက်ချက်ကြီးဖြစ်သွားပြီး လက်ရှိအခြေအနေ အပေါ်ပင် သက်ရောက်မှုရှိသွားနိုင်သည်။

"ရွာသူကြီး ငါ တကယ်ကို စိတ်မကောင်းပါဘူး"

ကုဝူကျိက ပြောသည်။

"ဒါပေါ့ ငါ သူ့ကိုယုံတယ်၊ သူက ခင်ဗျားသား မဟုတ်ရင်တောင်မှ သူက လူဆိုးတော့ မဖြစ်နိုင်ဘူး"

ထိုအချိန်တွင် သရဲမတစ်ကောင်က ရွာသူကြီးကိုကိုက်ဖြဲလိုက်ပြီး သူ၏စိတ်ဝိဉာဉ်ကို တစ်ပိုင်းတစ်စကို စုတ်ဖြဲလိုက်သည်။ ရွာသူကြီး၏မျက်နှာက ရှုံ့မဲ့သွားပြီး နာကျင်မှုကြောင့် ပျက်ယွင်းကာအကျည်းတန်သွားသည်။ သူက အလွန်အမင်းအထိတ်တလန့်ဖြစ်သွားပြီးနောက် အံကိုကြိတ်ကာ ပြောသည်။

"မင်း အခု စိတ်ပြောင်းမယ်ဆိုရင် ငါ ငါ မင်းကို တောင်နတ်ဘုရားရဲ့စွမ်းအင် တစ်စိတ်တစ်ပိုင်းပေးနိုင်တယ်၊ ဒီလိုဆိုရင် မင်းက ဘယ်တော့မှမအိုဘဲ ထာဝရရှင်သန်သူဖြစ် ..."

ထိုစကားကိုကြားသောအခါ ရွာသားများ တိုက်ခိုက်နေသော ကစားသမားတိုင်းက အနည်းငယ်စိတ်လှုပ်ရှားသွားကြသည်။ ရွာသူကြီးပြောသောစကားက မကောင်းသော စကားဖြစ်နေသည့်တိုင်အောင် တောင်နတ်ဘုရား၏စွမ်းအား တစ်စိတ်တစ်ပိုင်းကို ရမည်ဆိုလျှင် အဆင်ပြေပေသည်။ မည်သို့ပင်ဆိုစေ အဆင့်မြင့်အဆင့်ကစားသမားများ ရထားသော ထိုစွမ်းအားများက ကောင်းကင်ပေါ်မှ ပြုတ်ကျလာခြင်းမဟုတ်ပေ။ အများစုက သည်လိုကော်ပီမျိုးများထဲမှ အခွင့်အရေးများကိုရသဖြင့် ယူခဲ့သောကြောင့်ဖြစ်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now