အခန်း ၄၇

2.4K 293 14
                                    

47 01

အခန်း ၄၇.၁

[အလယ်အလတ်အဆင့် ပုံတူလောကကို အောင်မြင်စွာနဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ကစားသမားကို ဂုဏ်ယူပါတယ်။ ဒါက လေးခုမြောက်ပုံတူလောက ဖြစ်သွားပါပြီ။ ဒီတော့ ကစားသမားအနေနဲ့ အာမခံအမှတ် ငါးရာကို ရရှိပါတယ်

ပုံတူလောကအတွင်းမှာ ကစားသမားရဲ့ ပြောင်မြောက်ရဲ့ ဖျော်မြေမှုတွေကြောင့် ပုံတူလောကရဲ့ အရေးအကြီးဆုံး သတင်းအချက်အလက်ကို ရရှိခဲ့တဲ့အပြင် အခြားသော ကစားသမားတွေကို ထပ်ခါတလဲလဲ ကယ်ဆယ်ခဲ့တဲ့အတွက်လည်း ဆုလဒ်အမှတ်ကိုးရာကို ထပ်မံရရှိပါတယ်]

[ပုံတူလောကရဲ့ အစစ်အမှန်တရားကို ဖော်ထုတ်ပြသခဲ့တဲ့ ကစားသမားအတွက် ဒီပုံတူလောကရဲ့ အဆုံးသတ်က အပြည့်အဝ ပြီးပြည့်စုံသွားတဲ့အတွက်ကြောင့် အပိုဆုကြေးအနေနဲ့ တစ်ကျွန်းလုံးရဲ့ကိုယ်စား အမှတ် နှစ်ထောင် ထပ်မံဆုလဒ် ချီးမြင့်လိုက်ပါတယ်]

ထိုသို့ဖြင့် ကုဝူကျိ နိုးထလာသည်နှင့် စနစ်မှအသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ ပုံတူလောကတစ်ခုချင်းစီကို ဖြေရှင်းပြီးနောက်တွင် ထိုမျှများပြားသည့် ရက်ရက်ရောရောပေးသည့် ဆုလဒ်များ ရရှိခြင်းကသူ့အတွက် မျှော်လင့်စောင့်စားရဆုံး အခိုက်အတန့် ဖြစ်လာသည်။

[အခြားကစားသမားတွေရဲ့ လွှဲပြောင်းပေးလိုက်တဲ့ ပမာဏတွေကြောင့် ယခုအခါမှ ကစားသမားက အားလုံးပေါင်း အမှတ်တစ်သောင်းခွဲကို ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်]

ကုဝူကျိ၏ မျက်ဝန်းထဲတွင်မူ မျက်ရည်က ကျချင်လာသည်။ ထိုသို့လွှဲပြောင်းပေးလိုက်သည့် အမှတ်များက သူမူလက ရရှိထားသော အမှတ်များနှင့် တူညီလုနီးပါး ဖြစ်သွားလေသည်။ လူတိုင်းက အလွန်ကောင်းလွန်းသည်။

[ကစားသမားက ဖုံးကွယ်ထားတဲ့ တာဝန်ကို ပြီးမြောက်အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်။ အဲ့ဒီအတွက် ဆုလဒ်အမှတ် တစ်ထောင် ထပ်မံရရှိပါတယ်။ ပုံတူလောကခေါင်းဆောင် ကိုယ်တိုင်က ချီးမြှင့်တဲ့ဆုလဒ် စွမ်းရည်... ကုသခြင်းစွမ်းရည်ကိုလည်း လက်ခံရရှိသွားပါတယ်]

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now