Part 121

810 112 0
                                    


အပိုင်း (၁၂၁)

သူတို့က အပြင်ဘက်သို့ ရောက်လာသောအခါ သည်နေ့အခြေအနေက မကောင်းကြောင်း သိလိုက်သည်။ ကန်တင်းတွင် မည်သူမျှ ရှိမနေခဲ့ချေ။ မနက်စာပြင်ပေးသောသူများပင် ရှိမနေခဲ့ချေ။ ထိုင်ခုံများကလည်း မြေပြင်ပေါ်သို့ ရှုပ်ထွေးစွာ လဲနေသည်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်သွားသလို ထင်ရသည်။

ဘာတွေ ဖြစ်နေတာလဲ...

လူတိုင်းကလည်း အနားရှိ ဖယ်ကွန်ကို ကြည့်လိုက်ကြသည်။

ဖယ်ကွန်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေက သူထင်ထားသလို မဟုတ်နေသည့်အတွက် သူကိုယ်တိုင်ကလည်း စိတ်ရှုပ်ထွေးသွား၏။

"အခု ဒီလို မဖြစ်သင့်သေးဘူး..."

ထိုတစ်ခဏတွင် အဆောက်အဦးတစ်ခုလုံးက လှုပ်ခါသွားပြီး အချက်ပေးသံက မြည်လာသည်။ အချက်ပေးသံ မြည်ကတည်းက မတော်တဆမှု အချို့ ဖြစ်လာကြောင်း သိသာသွားသည်။ လူတိုင်းကလည်း ခန်းမထဲတွင် စုဝေးရန် ခေါ်ဆိုခံရသည်။

ကုဝူကျိကမူ ပတ်ဝန်းကျင်ကို ကြည့်နေရင်းမှ ရှေ့လူများ၏ အနောက်မှ အ‌လောတကြီး လိုက်သွားသည်။ သို့သော် သူ၏အနီးအနားဝန်းကျင်ရှိ အရာအားလုံးက ပုံမှန်မဟုတ်သလို ဖြစ်နေသည်။ အကြောင်းမူကား မည်သည့်ဝန်ထမ်းအဖွဲ့ဝင်ကိုမှ မတွေ့ရနေခြင်း ဖြစ်သည်။ သို့ရာတွင် ခန်းမထဲသို့ ရောက်သွားပြီးနောက် စုဝေးနေသော လူအနည်းငယ်ကို တွေ့လိုက်ရသည်။ ထိုသူများက ကုဝူကျိတို့ထက်အရင် သတင်းကြိုရထားသော သူများဖြစ်လောက်သည်။ ထိုအချိန်တွင် သုတေသနာဌာနထဲမှ လူအများစုက ထိုနေရာတွင် ရောက်နေကြပြီဖြစ်သည်။ ဖယ်ကွန်က မနေ့က ပြောခဲ့သလိုမျိုး သည်နေ့ သုတေသနဌာနတွင် ကိစ္စကြီးတစ်ခု ဖြစ်ပွားပေလိမ့်မည်။

ခန်းမက အချို့သော လက်တွေ့စမ်းသပ်မှုများ လုပ်သော နေရာဖြစ်လောက်သည်။ ဘေးဘက်တွင် ကြီးမားသော ရေကန်ကြီး ရှိနေ၏။ ဘယ်သူကမှလည်း အတွင်းရှိအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ ထို့ကြောင့် အထဲတွင် မည်သည့်အရာရှိကြောင်း မသိနိုင်ချေ။ (ကိုကိုရှိတယ်)

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now