Part 139

633 74 1
                                    


အပိုင်း(၁၃၉)

ကုဝူကျိက အဆောက်အဦးထဲသို့ လျှောက်သွားသည်။

အတွင်းပိုင်းက နေ့အချိန်အတောအတွင်းပင် အတော်ပင် မဲမှောင်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက အလွန်အမင်း တိတ်ဆိတ်နေသည်။ မည်သူကမှ မရှိသလိုမျိုးပင် ထင်ရ၏။ မည်သို့ပင်ဆိုစေ ဒီအချိန်တွင် လူတိုင်းနီးပါးက အိပ်နေလောက်သည်။

ကုဝူကျိက ထောင့်တစ်နေရာသို့ ကွေ့လိုက်ပြီး စာကြည့်ခန်းသို့ ရောက်သွားသည်။ ထိုနေရာ၏ တံခါးကို ခပ်တင်းတင်း စေ့ပိတ်ထားသည်။ တံခါးရှေ့တွင်လည်း မျက်နှာဖုံးစွပ်ထားသော အစေခံနှစ်ယောက်က စောင့်နေကြသည်။ သူတို့က ကုဝူကျိကို လေးစားစွာ ဂါဝရပြုသည်။ သူတို့က သူ၏နောက်ခံကို သိပုံရပြီး စာကြည့်ခန်းထဲသို့ ဝင်နိုင်ရန် တံခါးဖွင့်ပေးသည်။

ကုဝူကျိကလည်း သူ၏သူလျိုဆိုသော နောက်ခံက အလွန်အဆင်ပြေကြောင်း သိလိုက်သည်။ သာမာန် အခြေအနေမျိုးတွင်ဆိုလျှင် သူက ထိုအစေခံများကို ကိုင်တွယ်ရလောက်သည်။ ထိုသို့ဖြစ်သွားသည့်အခါ မည်သည့်အခြေအနေ ဖြစ်လာနိုင်ကြောင်း မည်သူမှ မသိနိုင်ချေ။

စာကြည့်ခန်းထဲတွင် သတင်းအချက်အလက် အများကြီး ရှိလောက်သည်။ ကုဝူကျိက စာအုပ်တစ်အုပ်ကို ကောက်ယူပြီး ကြည့်လိုက်သောအခါ လူအချို့၏ သတင်းအချက်အလက်များကို မြင်လိုက်ရ၏။ ဖယ်လီစီယာ၏ စားပွဲပေါ်တွင် တွေ့ခဲ့ရသည့် ကစားသမားများနှင့် ပက်သက်သော သတင်းအချက်အလက်များနှင့် တထေရာတည်း တူညီသည်။ သူတို့၏ ခေါင်းတွင် အနီရောင် ကြက်ခြေခတ်များကို ခြစ်ထားကြသည်။

အနီးကပ် ကြည့်လိုက်မည်ဆိုလျှင် ထိုလူများအားလုံးက ထူးဆန်းသော အခြေအနေများကို ကြုံတွေ့ကြပြီး ကပ်သီးလေး လွတ်မြောက်ခဲ့ပြီးနောက် မိစ္ဆာနတ်ဆိုး၏ ယုံကြည်သက်ဝင်သူများ ဖြစ်သွားကြောင်း ‌ဖော်ပြထားသည်။

"ဒါက ဘာကိုဆိုလိုတာလဲ။ ဒီနေရာကို လာတဲ့လူတွေ အကုန်လုံးက တစ်ချိန်က ယုံကြည်သက်ဝင်သူတွေပဲလား"

ကုဝူကျိက မျက်မှောင်ကျုံ့သည်။

"အနီရောင် ကြက်ခြေခတ် ခြစ်ထားတယ်ဆိုတော့ သူတို့ သေသွားတယ်လို့ ဆိုလိုတာလား။ တကယ်လို့ အခြားသူတွေ တွေးတဲ့အတိုင်းသာဆိုရင် အခမ်းအနားပြီးမြောက်သွားတဲ့အထိ စောင့်နေရုံပဲပေါ့။ အဲ့ဒီလိုမျိုးကို ဘာလို့ လူကသေရတာလဲ"

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now