အခန်း ၉၅

877 135 5
                                    

95 01

အပိုင်း ၉၅

ဖုန်းချပြီးသည်နှင့် ကုဝူကျိက သူ မည်သို့ဟန်ဆောင်သင့်ကြောင်း စတင် တွေးတောတော့သည်။

ဟန်ဆောင်မည်ဆိုကတည်းက သူက အကောင်းဆုံးလုပ်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒါက အဓိကကိစ္စကြီးနှင့်ပတ်သက်နေသေးသည်။ မှန်ကလည်း ကဏ္ဍကြီးတစ်ခုက ပါဝင်နိုင်သည့်တိုင်အောင် အင်အားကြီးသူတစ်ယောက်အဖြစ် ရုပ်ဖျက်ရန်လိုအပ်လာလျှင် ယခင်ပုံတူလောကကကဲ့သို့ လိင်အမျိုးအစားကိုပင် ပြောင်းလဲရုပ်ဖျက်ရန်လိုအပ်လေသည်။ ထို့ကြောင့် ကုဝူကျိက ချက်ချင်းဆိုသလို စိတ်ဆုံးဖြတ်လိုက်သည်။

သိပ်မကြာခင် ချန်းကျားသည် ကုဝူကျိထံမှတစ်ဆင့် အမျိုးသမီးဝတ်စုံ ဝယ်ခိုင်းခံရသည်။

ချန်းကျားကမူ သူ၏ဖုန်းကိုမြေပြင်ပေါ်သို့ လွှတ်ချမတတ်ဖြစ်သွားလောက်အောင် အလွန်အမင်း အံ့အားသင့်သွားသည်။

သောက်ကျိုးနည်း ဘယ်သူလဲ၊ သူ ဆရာသခင်ကုနဲ့အတူရှိနေတာ ဒီလောက်ကြာနေပြီ၊ သူတောင်မှမသိရပါလား၊ ဆရာသခင်ကုက သူ့ကို ဒီအဝတ်တွေ ဝယ်ခိုင်းတယ်၊ နောက်ပြီး ဆရာသခင်ကုက အိမ်ထဲမှာပဲ အမြဲတမ်းနေနေတာပါ၊ ဖြစ်နိုင်တာက ဆရာသခင်ကုရဲ့မိတ်ဆွေအပေါင်းအသင်းတွေကို လက်ဆောင်ပေးတဲ့ နည်းလမ်းက အဲ့ဒီလိုလား၊ ဒါမှမဟုတ် ဆရာသခင်ကုရဲ့မိတ်ဆွေဖြစ်ချင်တဲ့အခါ သုံးတဲ့နည်းလမ်းက ပြောင်းလဲနေတာလား၊ အွန်လိုင်းပေါ်က ဒိတ်လုပ်နေတာတော့ မဖြစ်နိုင်လောက်ပါဘူး။

ဆိုးလိုက်တာ တွေးလေလေ ပိုပြီးဖြစ်နိုင်ခြေများလေလေပဲ။

သူက အလွန်အမင်း သိချင်စိတ်ပြင်းပြနေသော်လည်း ဆရာသခင်ကုအပေါ် လေးစားစိတ်က လွန်ကဲလွန်းနေသဖြင့် ချန်းကျားအနေဖြင့် ဆရာသခင်ကုက ထိုဝတ်စုံများအား မည်သူ့ထံပို့မည်ဖြစ်ကြောင်း မမေးနိုင်ခဲ့ချေ။ အကယ်၍ အွန်လိုင်းပေါ်မှ ချစ်ခြင်းကြောင့် လှည့်စားခံရလျှင်ဆိုသော အခြေအနေမျိုးရှိနေသည့်တိုင်အောင် သူက တိုက်ရိုက်မေးမြန်း၍မဖြစ်နိုင်ချေ။

သို့ရာတွင် သူ့တွင်လည်း ရွေးချယ်စရာမရှိဘဲ ကုဝူကျိအမိန့်အတိုင်း လိုက်လုပ်ရအုံးမည်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သူ မျှော်လင့်ထားသူမဖြစ်နိုင်ဟု သူ့ကိုယ်သူ နှစ်သိမ့်ရသေးသည်။ ဆရာသခင်ကုက အွန်လိုင်းဒိတ် လက်တွဲဖော် တစ်ယောက်ယောက်ကြောင့် အလှည့်အစားခံရမည့်သူမျိုးလည်း မဟုတ်ချေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now