အခန်း ၆၉

1.1K 192 2
                                    

69 01

အပိုင်း ၆၉

အခြားသူများအနေဖြင့် ကုဝူကျိက ထိုသို့လုပ်နေချိန် ဘေးတွင်ရပ်ကြည့်နေ၍ မရချေ။ ထို့ကြောင့် သူတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် အောက်သို့ဆင်းကြရသည်။

ကုဝူကျိက ထိုမိန်းမအိုကြီးကို အိမ်ပြန်ပြီအနားယူရန် ခပ်တိုးတိုးအကြံပေးနေ သည်။ ထို့ကြောင့် အခြားသူများကလည်း သူက ဒီ nbc များကို မည်သည့်အတွက်ကြောင့် နွေးထွေးလွန်းကြောင်း စတင်ကာ တွေးတောကြတော့သည်။

ထိုအဖွားအိုကြီးက ခေါင်းကိုခါသည်။ သူမ၏မျက်ဝန်းက သည်စိုက်ခင်းမှ မရွေ့သွားခဲ့ချေ။ ထို့နောက် ခပ်တိုးတိုးဆက်ရွတ်နေသည်။

"အားရင် ငါ အားရင်ကိုရှာရမယ်၊ အားရင်က ငယ်ငယ်ကတည်းက အနားက ထွက်သွားခဲ့တာ မဟုတ်ဘူး၊ အခုဆိုရင် အရမ်းကိုကြောက်နေလောက်ပြီ"

ဘေးနားမှ သက်လတ်ပိုင်းလူက သက်ပြင်းချသည်။ ထို့နောက် ကုဝူကျိကို ပြောသည်။

"အမျိုးသမီးစန်းက အရင်က ဒီလိုမဟုတ်ပါဘူး၊ ဒါပေမယ့် အားရင် ထွက်သွားပြီးကတည်းက အရမ်းကိုခံစားသွားရပြီး အခြားသူတွေက ဘယ်လောက် ဖျောင်းဖျဖျောင်းဖျ အသုံးမဝင်ဖြစ်ရတာပါပဲ၊ ရွာထဲက လူတွေက သူမကို ကူညီကြပေမယ့် သူမက ငါတို့ကိုအငြှိုးထားပြီး ငါတို့စကားကို နားမထောင်ချင်ဘူးလေ"

ကစားသမားက ကြားသောအခါ သူတို့၏မျက်ဝန်းထဲရှိအထင်သေးစိတ်က ကြီးထွားလာသည်။ ထိုအဖွားကြီး၏သမီးကိုလည်း အရူးဟုသူတို့က ထင်သွားကြသည်။ ထိုအတွက်ကြောင့်လည်း လူအများက သူမကို စတေးခဲ့ခြင်းဖြစ်လောက်သည်။ ယခုကဲ့သို့သော ရွာမှလူများအနေဖြင့် ယခုလို သဘာဝလွန်အခြေအနေသို့ ရောက်ရှိသွားပြီးနောက် မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်နိုင်တော့ချေ။

သို့သော် သူတို့က ကောင်မလေးကို သနားစရာကောင်းလွန်းသည်ဟု ခံစားရသည်။ ထို့ကြောင့် သူတို့က အဖွားကြီးကို စာနာသနားသွားကြပြီး အရွက်များကို ဝိုင်းခူးပေးကြသည်။

69 02

"အဆင်ပြေပါတယ်"

ကုဝူကျိက အဖွားကြီး၏လက်ကိုကိုင်ပြီးနောက် အရွက်တောင်းကိုကမ်းပေးသည်။ ထို့နောက် နွေးထွေးသောလေသံဖြင့်ပြောသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now