အခန်း ၆၄

1.6K 214 3
                                    

64 01

အပိုင်း ၆၄

"ငါ နောင်တရတယ်၊ ငါ အရင်ကလုပ်ခဲ့တဲ့ကိစ္စတွေကို ငါ တကယ် နောင်တရမိပါတယ်၊ ဟုတ်တယ်၊ အဲ့ဒီအချိန်က သေသွားခဲ့တဲ့ချန်းမိသားစုရဲ့ဆက်ခံသူကို ငါက သတ်ခဲ့တာပါ"

"ငါ့ရဲ့တူချန်းကျားကိုတောင် အခု ငါက သူ့ကိုအသုံးပြုချင်ပြီး သူ့ကိုဂရုမစိုက်ဘဲ ဒုက္ခပေးဖို့ကြံစည်ခဲ့တာပါ၊ ဒါတွေအားလုံးက ငါ့ရဲ့အသက်လုံခြုံမှုအတွက်ပဲ ငါက တကယ်ကို လူသားမပီသပါဘူး"

ချန်းကျားကမူ တီဗွီမှသတင်းကို ကြောင်တောင်တောင်စိုက်ကြည့်နေမိသည်။ သူ၏အကြီးဆုံးဦးလေးက များစွာအိုစာသွားသလိုထင်ရသည်။ သို့တိုင်အောင် သူက အံ့အားတကြီးစိုက်ကြည့်နေမိသေးလေသည်။

ထိုရက်ပြီးသည်မှာ ရက်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်ပြီး သူ တဖြည်းဖြည်း အသိဝင်လာလေပြီ မည်သို့ပင်ဆိုစေ ချန်းမိသားစု၏ခေါင်းဆောင်က ရုတ်တရက် ဝန်ခံလာသည်။ အခြားသူများက အစပိုင်းတွင် မယုံကြည်ခဲ့ကြချေ။ သူက ရူးနေသည်ဟုပင်ထင်ခဲ့ကြသည်။ သို့သော် ခေါင်းဆောင်ချန်းက သူကိုယ်တိုင်လုပ်ခဲ့သော သက်သေများအားလုံးကို ကိုယ်တိုင်ထုတ်ပေးလာသည်။ ထိုအချက်ကြောင့် လူတိုင်းက ယုံကြည်လိုက်ရသည်။

ချန်းမိသားစု၏ရှယ်ယာဝင်များက ခေါင်းဆောင်ချန်းကို ဖျောင်းဖျသော အခြေအနေမျိုး မလုပ်သည်လည်း မဟုတ်ချေ။ သို့သော် တစ်ဖက်သူက နောက်ဆုံးကို ဝန်ခံလိုက်ရသလိုမျိုး သူ၏အမှားကိုသာ ထပ်ခါတလဲလဲပြောခြင်းအားဖြင့် လူအများကို ထိတ်လန့်လာစေသည်။

ပို၍ဆိုးသည်မှာ ချန်းကျား၏အဖေ သေဆုံးမှုကိုလည်း သိပ်မကြာခင် တင်ပြလာခြင်းဖြစ်ပြီး ခေါင်းဆောင်ချန်းက ဝန်ခံလာသောအခြေအနေကိုပေါင်းကာ သူက တစ်စုံတစ်ရာကို ကြောက်လန့်နေခြင်းဖြစ်မည်ဟု တွေးထင်ကြသည်။

ချန်းကျားနှင့်ကုဝူကျိကမူ မေးခွန်းမေးခံရပြီးနောက် လုံခြုံစွာဖြင့် ထိုရက်က အိမ်ပြန်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်လုံးက အပြစ်ကင်းကြလေသည်။ သူတို့က တီဗွီတွင် ပါလာသည့်တိုင်အောင် သူတို့၏မျက်နှာကိုအုပ်ထားပြီး နာမည်ကိုလည်း ပြောင်းထားသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now