အခန်း ၉၂

1.6K 219 2
                                    

အပိုင်း ၉၂

သူ၏လက်ချောင်းကြားမှ ရွတတခံစားချက်မျိုးနှင့်အတူ ကုဝူကျိက တစ်စုံတစ်ရာ၏ကျိန်စာသင့်မှုကို ခံလိုက်ရသလိုမျိုး ခန္ဓာကိုယ်မှအားအင်များစွာကို ရုတ်တရက် ဆုံးရှုံးသွားရသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်ဖက်သူ၏ ထိန်းချုပ်မှအောက်မှလွတ်အောင် ရုန်းလိုက်ချင်သည်။ သို့သော် ရဲ့ထယ်က ချုပ်ကိုင်ထားသဖြင့် လွတ်မြောက်အောင်မရုန်းနိုင်ခဲ့ချေ။

လူတိုင်းကလည်း ထိုမြင်ကွင်းကို မင်သက်စွာစိုက်ကြည့်နေကြသည်။ သူတို့ရှေ့ရှိမြင်ကွင်းက ခန်းမထဲတွင် ပြုလုပ်ခဲ့လေသောအခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟုပင် ခံစားနေရသည်။

ရဲ့ထယ်အကြောင်း ကောင်းကောင်းနားလည်သောသူများအတွက်မူ မေးရိုးပြုတ်ကျမတတ် အံ့အားသင့်နေကြသည်။ ရဲ့ထယ်က သွေးနှင့်ပတ်သက်လျှင် အလွန်အမင်းချေးများတတ်သည်။ သူကလည်း သွေးကျွန်များ၏အနီးသို့ ဘယ်သောအခါမှ မကပ်ခဲ့ဖူးချေ။ သွေးကျွန်များကို တစ်ချက်ကြည့်ရုံဖြင့်ပင် ရွံရှာသောအကြည့်မျိုးက ထွက်ပေါ်နေတတ်သည်။ အခြားသူများကဆိုလျှင်သူက လူသားများကို မုန်းသည်ဟုထင်ခဲ့သည်။

ဒါပေမယ့် အခုဘာတွေဖြစ်ကုန်တာလဲ။

သို့ရာတွင် ကုဝူကျိ၏သွေးရနံ့ခံစားလိုက်ကြရသည့် သွေးစုပ်ဖုတ်ကောင်များကမူ ရဲ့ထယ်၏ခံစားချက်ကိုနားလည်နိုင်သည်။ သူတို့ကိုယ်တိုင်ကလည်း ထိုကဲ့သို့သော အဆင့်မြင့်သောသွေးမျိုး၏အရသာကို ခံစားကြည့်ချင်ကြသည်။

ထို့နောက် ပတ်ဝန်းကျင်တွင် လွှမ်းခြုံနေသည့်မြူများအတွင်းမှ သေးငယ်သည့်ဆူးချွန်လေးများက စတင်ကာ ပျံ့ထွက်လာပြီး ကုဝူကျိ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားကာ မလှုပ်ရှားနိုင်အောင်လုပ်သည်။

ထိုသေးငယ်သည့်ဆူးချွန်မှာ နွယ်ပင်လေးက ရင်းနှီးကျွမ်းဝင်နေသေးသည်။ ထိုနွယ်ပင်က အခြားသူများကိုသေသည်အထိ ညှစ်သတ်တတ်သောနွယ်ပင်များနှင့် မတူချေ။ သူက အတော်လေးညင်သာနေခဲ့သည်။ ကုဝူကျိအရေပြားကို ရှရာပင်ထင်အောင် မလုပ်ခဲ့ချေ။ သို့သော် တစ်ချိန်တည်းတွင် ကြောက်စရာလည်း ကောင်းနေသေးသည်။ ထို့ကြောင့် အချုပ်ခံထားရသူက မည်သည့်အင်အားမျှ မထုတ်သုံးနိုင်ခဲ့ချေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now