အခန်း ၉၈

745 115 2
                                    

အပိုင်း ၉၈

အခြားသူများကလည်း ရှေ့မှမြင်ကွင်းကြောင့် ကြောင်တောင်တောင် ဖြစ်သွားကြကာ ဆွံ့အသွားကြသည်။ မည်သို့ပင်ဆိုစေ နင်မိသားစုမှ သူက ထိုသို့သော ကြောင်တောင်တောင်စကားလုံးဖြင့် စကားပြောရန်ကြိုးစားကြောင်းကို သူတို့၏ ကိုယ်ပိုင်မျက်လုံးဖြင့် ကိုယ်ပိုင်နားဖြင့် မြင်လိုက်ကြားလိုက်ရခြင်းဖြစ်သည်။

သူက ဆရာသခင်ကုနဲ့တောင် စကားဆက်ပြောဖို့ ကြိုးစားရဲတယ်။

ထိုအချိန်တွင် လူတိုင်း၏နင်မိသားစုအပေါ်အမြင်က ပြောင်းသွားသည်။

ကုဝူကျိ၏အစစ်အမှန်လိင်အမျိုးအစားကို သိသောတစ်ဦးတည်းသောသူဖြစ်သည့် ရှားရန်ရှို့ကမူ တိတ်ဆိတ်သွားသည်။

ကုဝူကျိက စိတ်အေးသွားသလို သက်ပြင်းရှိုက်ထုတ်သည်။ တစ်ဖက်သူက သူ၏နောက်ခံအစစ်အမှန်ကို မသိသေးချေ။ ဒါကတင် သူစနစ်မှရထားသော ရုပ်ဖျက်သည့်အရည်အသွေးက မှီခိုအားထားဖွယ်ကောင်းကြောင်း နားလည်လိုက်သည်။ သူအနာဂါတ်တွင်လည်း မိန်းမအဖြစ် အသုံးပြုရပေမည်။

တစ်ဖက်သူပြောသော စကားအတွက်ကမူ ကုဝူကျိက အာရုံမစိုက်ချေ။ ဒါက သည်အတိုင်း သာမန်ကာလျှံကာပြောလိုက်သော စကားဖြစ်နိုင်သည်။ သူ၏အရှေ့တွင် ရှိနေသော စားပွဲထိုးက ရုတ်တရက် မျက်နှာပျက်သွားပြီး အလွန်အမင်းနာကျင်စွာ ညီးညူလိုက်ကြောင်း မြင်လိုက်ရသည်။

ကုဝူကျိက ထိုနင်မိသားစုမှ အဖွဲ့ဝင်နှင့်ပေါက်ကရစကားများပြောရန် အချိန်မရှိချေ။ သူက ချက်ချင်းဆိုသလို ထိုသရဲကိုလှမ်းကိုင်လိုက်ပြီး မေးလိုက်သည်။

"နေပါအုံး မင်းအဆင်ပြေရဲ့လား၊ ဘယ်သူက မင်းကိုသတ်သွားသလဲသိလား"

ထိုသရဲက ထိုနေရာတွင်ပေါ်လာသည်မှာ တိုက်ဆိုင်မှုမဟုတ်ချေ။ သူက ကားတိုက်သေသွားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကားတိုက်သေသွားခြင်းက ထိုလူနှင့် ပတ်သက်နေနိုင်သည်။

သို့ရာတွင် ရှားမိသားစု၏ကိစ္စနောက်ကွယ်မှ လူများက နင်မိသားစုဝင် ဖြစ်နေသည်။ သို့သော် သူ၏အရှေ့ရှိနင်ရန်ကမူ ထိုကိစ္စကို သတိမထားမိချေ။ ကုဝူကျိက သူ့ကို တွေးတွေးဆဆဖြင့် တစ်ချက်ကြည့်လိုက်သောအခါ သူကိုယ်တိုင်ကလည်း ဒုက္ခများနေသလိုဖြစ်နေကြောင်း မြင်လိုက်ရသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now