အခန်း ၁၆

4.2K 582 8
                                    

Unicode

အပိုင်း ၁၆

ကုဝူကျိက သော့များကိုယူပြီးနောက်တွင် နှစ်ယောက်သားက ထိုအရှေ့ကောင်တာမှ လူစုခွဲလိုက်ကြသည်။

ထိုအချိန်တွင် ခြေလှမ်းသံများက ပို၍ကျယ်လာသည်။ မီးဖိုခန်းအတွင်းမှ စားဖိုမှူးက ထွက်လာခဲ့၏။ သူ၏လက်ထဲတွင် မီးဖိုချောင်သုံးဓါးကို ကိုင်ထားသေးကာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး လူအချို့ကို မဲမှောင်သောမျက်ဝန်းကြီးများဖြင့် စိုက်ကြည့်လာခဲ့သည်။

လူတိုင်း အသက်ရှူအောင့်ထားလိုက်မိကြသည်။ ကုဝူကျိနှင့်မတူညီသည်မှာ ဝမ်ကောနှင့် အခြားသူများအားလုံးက ထိုစားဖိုမှူး၏ ရုပ်ရှည်ကိုမမြင်ဖူးကြပေ။ ထို့ကြောင့် သည်တစ်ခဏတွင် အားလုံး၏ လက်များကပင် တုန်ယင်သွားသည်အထိ ဖြစ်သွားခဲ့တော့၏။

ထို့နောက် တစ်ခဏတွင် ထိုစားဖိုမှူးက ရုတ်တရက် ရှေ့တက်လာခဲ့ကာ လျင်မြန်စွာဖြင့်ပင် လူတစ်ယောက်ရှိရာသို့သွားသည်။ သူ့လက်ထဲတွင်ရှိသော မီးဖိုချောင်သုံးဓါးက ကြောက်မက်ဖွယ်အရှိန်နှုန်းဖြင့် ဆက်တိုက်ပင် လှည့်ပတ်နေခဲ့ကာ ပြင်းထန်သန်မာသော စွမ်းအားများစွာကို သယ်ဆောင်လာလျက် နောက်ဆုံးတွင် ဆွန်းရှီအနီးရှိစားပွဲတွင် ထိုးစိုက်မိသွား၏။ ပတ်ဝန်းကျင်တွင် ကျယ်လောင်သံက ဟိန်းထွက်သွားသည်။ ထိုမီးဖိုချောင်သုံးဓါးက စားပွဲကိုတိုက်ရိုက်ပင် လှီးဖြတ်လိုက်နိုင်၏။ သစ်သားအမှုန်အမွှားများက နေရာတစ်ခုလုံးကို ပြန့်ကျဲသွားတော့၏။ ဆွန်းရှီ၏အမူအရာက သေလုအောင်ဖြူဖျော့သွားပြီး ဒုတိယထပ်ရှိရာသို့ တစ်ချက်ကြည့်သည်။ သို့သော် သူ၏မြင်ကွင်းကို တောင့်တင်းသန်မာသော ကြွက်သားအပြည့်နှင့် စားဖိုမှူးက ပိတ်ထားလေရာ မည်သည့်နည်းနှင့်မျှရှာမရဘဲ သူ တိုက်ရိုက်ပင် ဟိုတယ်အပြင်ဘက်သို့ ထွက်ပြေးသွားရ၏။

မတိုင်မီက ဧည့်ကြိုနှင့်စကားပြောနေခဲ့သော ဝမ်ကောဟာလည်း အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ သူ့တွင် မည်သို့သော သတ္တိမျိုးနှင့်မျှ သည်နေရာတွင် ဆက်မနေရဲတော့ပေ။ ထို့ကြောင့် ချက်ချင်းပင် ဒုတိယထပ်သို့ပြေးသည်။ ဖန်းဟောင်ခမ်းက မျက်မှောင်ကြုတ်ကာ စကားစပြောလာသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now