အခန်း ၁၃

2.8K 511 20
                                    

Unicode

အပိုင်း ၁၃

ထိုကလေးသရဲက ချက်ချင်းအေးခဲသွားသည်။ သို့သော် သိပ်မကြာခင်မှာပင်  အလွန်စိတ်ရှုပ်သွားသောဟန်ဖြင့် ခေါင်းကိုလှည့်ကာ ကုဝူကျိကို ကိုက်ရန်ကြံစည်လာခဲ့၏။

ကုဝူကျိ၏သရဲများနှင့် တွေ့ကြုံခဲ့သော ယခင်အတွေ့အကြုံများအရ သူက သည်လိုအခြေအနေကို ကိုင်တွယ်နိုင်စွမ်းရှိနေခဲ့သည်။ ထို့အပြင် သူ၏ သက်တမ်းတစ်လျှောက်လုံး သည်လိုအခြေအနေမျိုးကို ကြုံတွေ့လာခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သည်လိုကလေးသရဲမျိုးကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စွမ်းရှိနေခဲ့၏။ ကလေးကို ခပ်တင်းတင်းချီပြီးနောက်တွင် သူ၏ အံ့အားသင့်ဖွယ်ကောင်းသော ခွန်အားအောက်တွင် ထိုကလေးသရဲက မမျှော်လင့်ထားစွာပင် သည်လူကို ကိုက်၍မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။

"မင်းက ကလေးပဲ ရှိနေသေးတော့ နားလည်ချင်မှ နားလည်လိမ့်မယ်၊ဒါပေမယ့် လူတွေကို ကိုက်တာက မှားတယ်၊ ဒါက ဆိုးရွားတဲ့အကျင့်စရိုက်နဲ့အပြုအမူပဲ။"

ကုဝူကျိက စိတ်ရှည်စွာဖြင့် သင်ပြပေးနေခဲ့သည်။

"မင်းရဲ့မိဘတွေကို ကြည့်လိုက်ပါအုံး၊ သူတို့က မင်းအတွက်နဲ့ ခက်ခက်ခဲခဲ အလုပ်လုပ်ပေးနေခဲ့တာ၊ ဒါပေမယ့်မင်းကတော့ တွေ့သမျှဧည့်သည်တွေကို လိုက်ကိုက်နေလို့ မဖြစ်ဘူးလေ၊ အချို့ကိစ္စတွေက သည်ကိုက်တဲ့အခြေအနေကြောင့်နဲ့တင် ပြဿနာတွေအများကြီး တက်သွားနိုင်တယ်၊ ဒီလိုဆိုရင် ဒီဟိုတယ်ရဲ့ကျော်ကြားမှုကို ထိခိုက်စေလိမ့်မယ်၊ မင်းမိဘတွေရဲ့လုပ်ဆောင်မှုတွေ အားလုံးကို ဖြုန်းတီးလိုက်သလို ဖြစ်သွားတော့မှာပေါ့။"

ကုဝူကျိ၏ညင်သာသောအသံနှင့်အတူ ထိုကလေးသရဲက ရုန်းကန်ခြင်းကို ရပ်တန့်သွားသည်။ သူ၏စကားကြောင့် သွန်သင်ဆုံးမခံလိုက်ရသည့်အလား ကိုက်ရန်ကြိုးစားနေသော ပါးစပ်လေးကလည်း ပိတ်သွား၏။

"ဒါက မကောင်းဘူးလား၊ ဘယ်လောက်တောင် လိမ္မာတဲ့ကလေးလဲ။"

ကုဝူကျိက ချက်ချင်းဆိုသလို သဘောတကျကြည့်လိုက်သည်။ သူ့လက်တစ်ဖက်ကိုပင် ထုတ်ကာ ထိုကလေး၏ခေါင်းနောက်ကို အသာပုတ်ပေးလိုက်၏။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now