အခန်း ၄၈

1.4K 228 6
                                    

48 01

အခန်း ၄၈.၁

သူက ဓာတ်လှေကားထဲသို့ ဝင်ရောက်ပြီးချိန်တွင် အမည်မသိရသော အကြောင်းပြချက်များကြောင့် ရှားယန်ရှို့အနေနှင့် ရုတ်တရက်ဆိုသလို ကုဝူကျိက သူ၏လက်ထောက်ကို ပြောခဲ့သော စကားကို အနည်းငယ် ပြန်တွေးမိသွားသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်တွင် အလွန်အမင်း တိတ်ဆိတ်မှုက ကြီးစိုးနေသည့်အပြင် ပါကင်နယ်မြေက မြေအောက်ဘက်တွင် ရှိနေခဲ့သည့်အတွက် လေထုအခြေအနေကလည်း အနည်းငယ် ထိတ်လန့်ဖွယ် ကောင်းလာသည်။

သူယခင်က ထိုအချက်ကို သတိမထားမိခဲ့သေးချေ။ သို့သော် ရှားယန်ရှို့က ရုတ်တရက် အကြောင်းပြချက်မရှိ ကျောချမ်းလာသည်။ ပတ်ဝန်းကျင် လေထုအခြေအနေကြောင့် ရုတ်တရက်ဆိုသလို ချက်ချင်းလိုလို သဲထိတ်ရင်ဖို အခြေအနေအထိ ကြောက်မက်ဖွယ် ကောင်းသွားတော့သည်။

"ဒါက အရေမရ အဖက်မရ ပေါက်ကရစကားတွေပါပဲ။ ငါစိုးရိမ်ဖို့ မလိုဘူး။ အဲ့ဒီလို သဘာဝလွန်တဲ့ အဖြစ်အပျက်တွေက ဘယ်လိုဖြစ်လာနိုင်မှာလဲ"

ပို၍ဆိုးသည်မှာ ရှားယန်ရှို့က ဝူထောင်၏ ရုပ်ရှင်တွင် ရင်းနှီးမြုပ်နှံရန် ကြိုးစားခဲ့ခြင်းက ချန်းကျားကို ရင်ဆိုင်ရန်အတွက်ဖြစ်ပြီး ထိုရုပ်ရှင်အတွက် သူက အားအလွန် စိုက်ထားသေးသည်။ မည်သို့ပင်ဆိုစေ သဲထိတ်ရင်ဖို ရုပ်ရှင်များ ဝင်ငွေအား ကောင်းလေ့ရှိသည်။ ထို့ကြောင့် အားလုံးက အယောင်ဆောင်များ ဖြစ်နေလေရာ ထိုကဲ့သို့သော အရာများကိုလည်း သူက ကြောက်လန့်ခြင်း မရှိတတ်ချေ။

ရှားယန်ရှို့က ထိုအကြောင်းကို တွေးမိချိန်တွင် သူ၏နှလုံးသားက တည်ငြိမ်သွားသည်။ သို့သော် ရုတ်တရက် သူက ဓာတ်လှေကားထဲသို့ ဝင်လိုက်ပြီးချိန်မှာတင် ပို၍အေးလာသလို ခံစားလိုက်ရပြန်ပြီး သူ၏ကိုယ်က မထိန်းချုပ်နိုင်လောက်အောင် ဆက်တိုက် တုန်ယင်လာသည်။ လေထဲရှိ လေအေးပေးစက်၏ အပူချိန်က အလွန်နိမ့်လွန်းနေသည်ဟု ခံစားရပြီး ပါးစပ်ကိုဖွင့်ကာ အတွန့်တက်လိုက်သည်။

"သူတို့ယူထားတဲ့ ပိုက်ဆံတွေ ဘယ်နေရာကိုများ ရောက်သွားတာလဲ"

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now