အခန်း ၁၀၁

683 116 2
                                    

 အပိုင်း ၁၀၁

သရဲကမူ ဒါက အကြီးမားဆုံးအရှက်ခွဲခြင်းဟု ခံစားလိုက်ရသည်။

သူ့ကိုတောင် အရည်အချင်းပြဿနာနဲ့ ပတ်သက်ပြီး အနားမှာ လာပြီး ဆုံးမနေသေးတယ်။

"ဒါက အခြားသူတွေကို ဒုက္ခရောက်စေတယ်လို့ မင်းက ဘယ်လိုသိတာလဲ၊ ဒါက ဒီအတိုင်း ငါ ဖန်ဆင်းထားတဲ့နေရာလေးလေ မင်းကိုဖြေရှင်းပြီးရင် အရာအားလုံးက ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာပဲ"

ထိုသရဲက မနေနိုင်ဘဲ ပြန်ငြင်းသည်။

"ငါ သိပြီ ဒါက ငါ့ပြဿနာပါ၊ ငါကလည်း သရဲတွေက ဒီလိုနေရာကို ဖန်ဆင်းနိုင်တဲ့အကြောင်းကို မစဉ်းစားလိုက်မိဘူး"

ကုဝူကျိက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရိုးသွားစွာပြန်ပြောသည်။

"စိတ်မကောင်းပါဘူး"

သရဲ "..."

ဘာလဲ ဘာလဲ ဘာဖြစ်တာလဲ၊ ဘာလို့ ဒီလူသားနဲ့ပတ်သက်ပြီး ဒီအရည်အသွေးကို ပြောလို့မရတာလဲ။

ထိုသရဲ တုန့်ပြန်နိုင်သည့်အချိန်တွင် သူ၏မျက်လုံးက ချက်ချင်းဆိုသလို နီရဲသွားပြီး ခက်ထန်ကြမ်းတမ်းသော မျက်နှာကြီးတွင် အထင်တသေးအပြုံးကြီးက ပေါ်လာသည်။ နံရံမှသွေးများက ဆက်တိုက်စီးကျလာပြီး မြေပြင်တွင် သွေးအိုင်ပင် ဖြစ်လာသည်။ တဖြည်းဖြည်းချင်း ကုဝူကျိရှိရာဘက်သို့ စီးသွား၏။

ကုဝူကျိက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးပြောသည်။

"အာ စကားမစပ် ငါ ဒီနေရာကနေ ဘယ်လိုထွက်ရမလဲလို့ မင်းကို မမေးရသေးဘူး"

သရဲ "..."

သရဲကမူ အရှက်ခွဲခံလိုက်ရသည်ဟု ခံစားလိုက်ရပြန်သည်။

"ငါက ဒီလိုအရာမျိုးကို မင်းကို ပြောပြမယ်လို့ထင်နေတာလား"

"ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ပန်းချီကားလေ၊ ဒီတော့ မင်းက ကလေးတစ်ယောက်လို နှလုံးသားကို ပိုင်ဆိုင်ထားတယ်ဆိုတာကို ငါ သိပါသေးတယ်"

ကုဝူကျိက သုံးထားပြီးသားမြေဖြူကို ကိုင်ထားရင်းဖြင့် ပြောလိုက်သည်။ ထို့နောက် သူက ခေါင်းကိုမော့ကြည့်လိုက်သောအခါ ကြည်လင်ပြတ်သားကာ ယုံကြည်မှုအပြည့်ပါသော မျက်ဝန်းမျိုးဖြင့်ကြည့်ကာ ပြောလိုက်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now