68 01
အပိုင်း ၆၈
ကုဝူကျိနှင့်ချီယွန်ရှို့တို့ကို နောက်တစ်ရက်တွင် ကြီးမားသော သင်္ချိုင်းကုန်းကြီးထဲ တွင် တွေ့လိုက်သည်။
ရွာသူကြီးက လွှတ်လိုက်သောရွာသူရွာသားများ နှိုးလာခြင်းကိုခံရပြီးနောက် သူတို့နှစ်ယောက်ကလည်း သူတို့က နောက်ဆုံးတွင် ထိုကြောင်တောင်တောင်နိုင်သော နေရာမှ လွတ်မြောက်ကြောင်းသိလိုက်ရသည်။
ရွာသူရွာသားများက သူတို့နှစ်ယောက်ကို နားမလည်သောမျက်ဝန်းမျိုးဖြင့် ကြည့်ကြပြီးနောက် ယခုကဲ့သို့သောအခြေအနေမျိုးမှ မနေ့ညက ရှင်သန်နိုင်ခဲ့သည့် အတွက် အံ့အားသင့်နေကြသည်။ ထို့နောက်ပြောသည်။
"ရွာသူကြီးက မင်းတို့နှစ်ယောက်ကိုရှာနေတယ်၊ အဲ့ဒီကိုသွားလိုက်အုံး"
ရွာသားများက အလျင်စလိုထွက်ခွာသွားကြသည်။ သူတို့က သည်နေရာတွင် အချိန်အကြာကြီးမနေလိုသည်မှာ သေချာနေသည်။
ကုဝူကျိနှင့်ချီယွန်ရှို့တို့က မတ်တပ်ထရပ်သောအခါ သူတို့၏စိတ်က အနည်းငယ်ဝေဝါးသလို ခံစားရသည်။ ဒါက အချိန်အကြာကြီး အိပ်ခဲ့သောကြောင့်လည်းဖြစ်သည်။
"မနေ့ကကိစ္စအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
ကုဝူကျိက ချီယွန်ရှို့ကိုကြည့်လိုက်ပြီးနောက် တစ်ဖက်သူ၏လက်ကို ကိုင်လိုက်သည်။
"မင်းရဲ့ဒဏ်ရာတွေက သက်သာသွားပြီလား၊ ငါ ကြည့်ပေးရအုံးမလား"
ကုဝူကျိက သူ၏လက်ကိုလှမ်းကိုင်လိုက်သည်။ ချီယွန်ရှို့၏မျက်နှာက ချက်ချင်းဆိုသလို နီရဲသွားပြီးနောက် သတိလက်လွတ်ခါချချင်သွားသည်။ သို့သော် သူက ထိုသို့မလုပ်ရက်ပြန်ချေ။ ထို့ကြောင့် ခြောက်ကပ်စွာသာပြောလိုက်ရသည်။
"သက်သာသွားပါပြီ၊ ငါ ငါ မင်းကို ကျေးဇူးတင်ချင်တယ်"
68 02
ချီယွန်ရှို့က အဆုံးတွင်မေ့သွားခဲ့ရလေသည်။ သူက ဘာဖြစ်သွားမှန်းပင် မမှတ်မိခဲ့ချေ။ သို့သော် သူ မှတ်မိသည်မှာ သူ၏ကိုယ်ပေါ်ကို သုံးပေးလိုက်သည့် နွေးထွေးကာ သက်တောင့်သက်သာဖြစ်စေသော ကုသခြင်းစွမ်းအားဖြစ်သည်။ ကုဝူကျိက သူ့ကိုနောက်ဆုံးတွင် လွတ်မြောက်မည့်အခွင့်အရေးကို ပေးခဲ့ကြောင်းလည်း သိလိုက်ရသည်။ ကံကောင်းစွာဖြင့် သူတို့နှစ်ယောက်လုံးက သည်တစ်ကြိမ်တွင် လုံလုံခြုံခြုံပြန်လာနိုင်ခဲ့သည်။
YOU ARE READING
နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်
Horrorဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်