အခန်း ၁၀၅

571 86 0
                                    

အပိုင်း ၁၀၅

သိပ်မကြာခင်ကာလသို့ ပြန်ပြောင်းတွေးကြည့်ရသော် ...

ရုန်ချင်မန်က အိပ်ယာနားတွင်ထိုင်နေရင်း လှဲချကာ အိပ်တော့မည့်အချိန်တွင် ရုတ်တရက် ပြူတင်းပေါက်အနောက်ဘက်မှ သွေးများနီရဲနေသောမြင်ကွင်းကို မြင်လိုက်ရပြီး အကြောင်းပြချက်မရှိ တံခါးဖွင့်ကြည့်လိုက်မိသည်။ ထိုနေရာက အခြားလောကတစ်ခုကဲ့သို့ထင်ရသည်။ ထို့နောက်တစ်ခဏတွင် သက်တောင့်သက်သာ မရှိစေသော စိုက်ကြည့်ခံနေရသည်ဆိုသော ခံစားချက်က အလွန်အမင်းပြင်းထန် လာသည်။ ထို့နောက် ထိုသွေးနီရောင်လောကထဲတွင် အနီနှင့်အဖြူမျက်လုံးတစ်စုံက ပေါ်ထွက်လာသည်။

ရုန်ချင်မန်က နေရာတွင်တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ချေ။ ထိုကဲ့သို့သောအန္တရာယ်မျိုးကို ရင်ဆိုင်ရသည့်အခါ သူက မှော်ပစ္စည်းများကို ချက်ချင်းထုတ်သင့်သည်။ သို့သော် အချို့သောအကြောင်းပြချက်များကြောင့် သူက အနည်းငယ်သော်မျှ မလှုပ်နိုင်တော့ချေ။

သို့သော် ထိုမျက်လုံးကြီးများကြည့်နေသောနေရာက သူတို့အခန်း၏ တစ်နေရာထံသို့ဖြစ်သည်။ ထိုအေးစက်သောမျက်ဝန်းများ သူ့ကို စိုက်ကြည့်လာသောအခါ ရုန်ချင်မန်က သတိလက်လွတ် သူ၏ကျောအနောက်ဘက်မှ ချွေးများစိုရွှဲနေသည်ဆိုသော ခံစားချက်မျိုးကိုပင် ရလိုက်သည်။

ကံကောင်းစွာဖြင့် ထိုမျက်ဝန်းတစ်စုံက အကြာကြီးမနေသွားခဲ့ချေ။ ထို့နောက် ဘေးအခန်းသို့ရောက်သွားပြီး တစ်စုံတစ်ယောက်ကိုရှာနေသလိုမျိုး ပြုမူနေခဲ့သည်။ ရုန်ချင်မန်ကလည်း သူက တစ်ဖက်သူ ရှာနေသောသူမဟုတ်ကြောင်းသိသည်။ ထို့ကြောင့် သူ့ကိုကျော်သွားခြင်းဖြစ်သည်။

သို့ရာတွင် သိပ်မကြာခင် ထိုမျက်လုံးများပျောက်ကွယ်သွားပြီးသည်နှင့် မျက်လုံးများ နဂိုရှိသောနေရာတွင်ရှိသည့် မြူများကပြန်ပေါ်လာသည်။

"ဘာတွေဖြစ်သွားတာလဲ၊ အဲ့ဒီမျက်လုံးတွေက ဘာလဲ၊ ဒီရက်တွေမှာ ငါတို့ကို စောင့်ကြည့်နေတာက ဒီမျက်လုံးလို့ ဘာလို့ ခံစားနေရတာလဲ၊ ဘယ်သူက ကြည့်နေတာလဲ၊ သူ ရှာတဲ့လူကို ရှာတွေ့ရန် ဘာဖြစ်မှာလဲ"

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now