အခန်း ၆၅

1.4K 214 1
                                    

65 01

အပိုင်း ၆၅

သူက ပေါက်တူးကို လှမ်းကိုင်လိုက်သည့်တစ်ခဏတွင် သာမန်လူတစ်ယောက် ဆိုလျှင် ကွဲကြေသွားလောက်သည့် ပြင်းထန်သည့်အားမျိုး ဆောင့်တွန်းလာကြောင်း ခံစားလိုက်ရသည်။ မမြင်နိုင်သောလူပေါင်းများစွာက သည်တူရွင်းကြီးကို တွဲလောင်းခိုထားသလို ခံစားရသည်။ သို့သော် ကုဝူကျိကမူ ထိုမျှအင်အားက ပြောပလောက်ခြင်းမရှိသေးသည့်အတွက် အသာအယာပင်ကောက်မလိုက်သည်။

လူအိုကြီး "..."

တစ်ချိန်တည်းတွင်ပင် ကုဝူကျိက ခေါင်းပြန်လှည့်ကြည့်ပြီး လူအိုကြီးကို ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းထဲမှ ပြင်းပြသည့်ကူညီချင်စိတ်က တစ်ဖက်လူအိုကြီး၏ခန္ဓာကိုယ်ကို တောင့်တင်းသွားပြီး ကြောက်လန့်သွားစေလျက် အနည်းငယ်နောက်ဆုတ်မိသွားသည်။

"ဘယ်လိုဖြစ်ပြီး ဒီလောက်မာကြောတဲ့နေရာမျိုးကို လူအိုကြီးတစ်ယောက်က ဒီလိုအချိန်မှာ ဒီလောက်ကြိုးစားနေရမှာလဲ၊ လူငယ်တွေက ဘယ်ရောက်ကုန်ကြလို့လဲ"

ကုဝူကျိက လူအိုကြီး၏ပုခုံးကို လှမ်းပုတ်လိုက်သည်။

"တကယ်ကို မသိတတ်ကြတာပဲ"

လူအိုကြီးကမူ ထိုအချိန်တွင် တိတ်ဆိတ်မနေနိုင်တော့ချေ။ သူ၏မျက်ဝန်းထဲတွင်လည်း နာကျင်မှုကိုထုတ်ပြလာပြီး သက်ပြင်းချသည်။

"သူတို့ သေကုန်ကြပြီ"

ကုဝူကျိက ရုတ်တရက် သူက တစ်ဖက်သူ၏ဝမ်းနည်းသောအစိတ်အပိုင်းကို ထိတွေ့လိုက်မိသလိုခံစားလိုက်ရပြီးနောက် ချက်ချင်းဆိုသလို နှစ်သိမ့်ပေးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူက ထိုကွင်းတွင် ဟိုဒီရွေ့ကာ ဆက်တိုက်တူးဆွပေးနေခဲ့သည်။ သူ၏မြန်ဆန်သောအရှိန်နှုန်းအရ သည်နေရာတစ်ခုလုံးက သိပ်မကြာခင် တူးဆွနိုင်တော့မည်နှင့် တူသည်။

အခြားသူများ "..."

ဒါက ဘယ်လိုတိုးတက်မှုလဲ။

သူတို့က သက်ကြီးရွယ်အိုတွေကို ကူညီတဲ့ပရိုဂရမ်တစ်ခုကို ရောက်လာသလိုပဲ။

ကစားသမားများထဲမှ လူငယ်တစ်ယောက်၏မျက်ဝန်းက မှေးမှိန်သွားသည်။ ချီယွန်ရှို့နှင့်ကုဝူကျိအပြင် ရှောင်းချန်းဟုခေါ်သည့် ထိုလူငယ်က အခြားသော ကစားသမားများထက် ပို၍လုပ်ဆောင်နိုင်စွမ်းရည်ရှိပြီး ထူးခြားသည့် စိတ်နေသဘောထားအရှိန်အဝါကို ပိုင်ဆိုင်ထားသည့်လူဟုဆိုရပေမည်။ ထို့ကြောင့် သဘာဝအလျောက်ပင် အခြားသောကစားသမားများက သူ့ကိုဝိုင်းနေကြ၏။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now