အခန်း ၁၀၄

492 87 0
                                    

အပိုင်း ၁၀၄

ထိုအချိန်တွင် စွန့်ပစ်ခံစံအိမ်ထဲရှိ ပုံတူလောက၏ခန်းမတစ်ခုထဲတွင် လူတစ်အုပ်၏မျက်နှာတွင် ချွေးများစိုရွှဲနေကြသည်။

သူတို့က အလယ်အလတ်ပုံတူလောကသို့ အဆင့်တက်လာတော့မည့် ကစားသမားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က သည်ပုံတူလောကသို့လာရခြင်းဖြစ်သည်။

သို့သော် သူတို့အနေဖြင့် တံခါးသို့ဝင်လာပြီး သိပ်မကြာခင် ပတ်ဝန်းကျင်ရှိသရဲတိုင်းက ရုတ်တရက်ပျောက်ကွယ်သွားမည်ဟု မမျှော်လင့်ထားချေ။ သရဲတစ်ကောင် နှစ်ကောင်ပင်မဟုတ်ဘဲ သရဲများစွာက ပျောက်သွားခြင်းဖြစ်သည်။

ထိုလူများက ကြောက်လန့်လွန်းသဖြင့် ခန်းမ၏ထောင့်တစ်နေရာတွင် ပုန်းနေမိကြသည်။ သူတို့ကပင် သူတို့စိတ်ထဲ သံသယဝင်ကြပြီဖြစ်သည်။

ဒါက တကယ်ပဲအဆင့်နိမ့်ပုံတူလောကလား၊ အဆင့်မြင့်ပုံတူလောကမဟုတ်တာ သေချာလား။

ထိုသရဲများက သူတို့ကို တိုက်ခိုက်မည့်ဆန္ဒမရှိသောအချက်ကမူ သေချာသည်။ ထိုသရဲများက သူတို့ကို ကြည့်ပင်မကြည့်ချေ။

ထို့နောက် ရုတ်တရက် ဒုတိယထပ်မှ မျက်လုံးမှိတ်ကာ အောက်သို့ဆင်းလာသော လူတစ်ယောက်ကို သတိထားမိလိုက်သည်။ သူတို့ဘက်မှ ရှုထောင့်နှင့်အလင်းကြောင့် သူတို့က ထိုလူကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ တစ်ဖက်သူ၏ခန္ဓာကိုယ်က ပုံရိပ်ယောင်ကဲ့သို့ ဖြစ်နေသည်မှာ အချိန်မရွေး လေတိုက်ရုံဖြင့် လွင့်ပြယ်သွားတော့မည့်အလား ထင်ရသည်။

"ဒါကဘာလဲ ဒီပုံတူလောကက သရဲပဲလား"

သို့သော် ထိုလူ၏ပုံစံက အခြားသော ကြမ်းတမ်းကာ ကြောက်မက်ဖွယ် ကောင်းသည့် သရဲများ၏ပုံစံနှင့်ကွာခြားသည်။ မည်သို့ပင်ကြည့်ကြည့် ထိုလူက အလွန်ချောသော လူငယ်လေးဖြစ်သည်။ ထိုလူက ကြင်နာတတ်မည့်ပုံစံလည်း ပေါ်နေသေးသည်။ ထို့ကြောင့် တစ်ဖက်သူက သက်ရှိလူတစ်ယောက်ဟု သူတို့က ခံစားလိုက်ရသည်။

"ဒါက ဒီပုံတူလောကရဲ့ အချို့မှတ်ဉာဏ်တွေများဖြစ်နေမလား၊ အရင်က ဒီနေရာရဲ့ပိုင်ရှင်လည်း ဖြစ်နိုင်တာပဲ"

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now