အခန်း ၁၀၆

448 71 1
                                    

အပိုင်း ၁၀၆

"ဘယ်လိုဖြစ်နိုင်မှာလဲ"

သက်လတ်ပိုင်းလူ၏မျက်နှာတွင် ကြောက်လန့်မှုထက် မယုံကြည်နိုင်မှုက အလေးသာနေသည်။ သူတို့က သတင်းပေါင်းများစွာကိုရခဲ့ပြီးနောက် ယခုလို အခြေအနေက ဆန့်ကျင်ဘက်ဖြစ်သွားသောအခြေအနေကို နားမလည်နိုင်တော့ချေ။

"ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီသရဲတွေက ငါ့ရဲ့အမိန့်ကိုနာခံနေပြီးသားပါ၊ ဘာလို့များ ..."

ကုဝူကျိက ရှေ့ထွက်လိုက်ပြီး လူကယ်ရန်ကြံစည်ချင်သော်လည်း ရုန်ချင်မန်က သူ့ကို လှမ်းထိန်းလိုက်သည်။

"သရဲက သူ့ကိုဝါးမြိုတဲ့အရှိန်နှုန်းကိုကြည့်လိုက် ဒါက အခြားသူတွေထက် ပိုမြန်နေတယ်၊ ဘာပဲဖြစ်ဖြစ် သူနဲ့အဲ့ဒီသရဲတွေကြားက ဆက်ဆံရေးက အခြားသရဲတွေလောက် မကောင်းဘူးလေ"

အခြားသူများကလည်း စိုက်ကြည့်လိုက်ကြသည်။ အခြားသူများအတွက် ပန်းချီဆွဲဘုတ်ပြားကကွဲသွားလျှင် အသက်ရှင်အုံးမည်ဖြစ်သော်လည်း တစ်ဖက်သူကမူ ချက်ချင်းသေသွားနိုင်လောက်သည်။

ရုန်ချင်မန်က ထိုစကားလုံးများကိုပြောပြီးနောက် သူ၏စိတ်ထဲတွင် ကံကောင်းသည်ဟု ခံစားနေရသေးသည်။ မနေ့က သတိလက်လွတ်ဖြစ်သွားခဲ့သော ဆက်ဆံရေးတစ်ခုကြောင့်သာမဟုတ်လျှင် သူက သည်နေရာတွင် အသက်ရှင်နေအုံးမည် မဟုတ်ချေ။

"ဒီပုံတူလောကက သရဲရဲ့အားနည်းချက်က အလွယ်တကူရှာလို့လွယ်တယ်၊ သရဲရှိတဲ့နေရာတွေမှာလည်း သဲလွန်စတွေရှိနေလောက်တာပဲ၊ သူတို့က မီး ဒါမှမဟုတ် တစ်ခုခုကို ကြောက်တာထင်တယ်၊ သေချာတာကတော့ ထောင်ချောက်ဆိုတဲ့ အရာတစ်ခုလည်းရှိတယ်၊ ပြောရရင် ဒီသရဲတွေက ဒီအတိုင်း နာခံဟန်ဆောင်ပြီး အခွင့်အရေးရတာနဲ့ ကစားသမားကို တိုက်ခိုက်တတ်တာမျိုးလေ"

ရုန်ချင်မန်ကဲ့သို့ အင်အားမျိုးရှိသောလူမျိုးကပင် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ခဲ့လေရာ သက်လတ်ပိုင်းဆိုလျှင် ပို၍ဆိုးသည်။

"မဖြစ်နိုင်ဘူး ငါ မယုံဘူး"

သက်လတ်ပိုင်းလူ၏အော်ဟစ်နေသံအောက်တွင် လူတိုင်းကလည်း သူ၏ခန္ဓာကိုယ်က ပိတ်ကားပေါ်မှတည်ရှိမှုနှင့် အနီးကပ်ဆက်နွယ်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ မျက်တောင်တစ်ခတ်အချိန်အတွင်း သူ၏ပုံရိပ်က ပိတ်ကားအပြင်ဘက်မှ ပျောက်ကွယ်သွားသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now