အခန်း ၈၃

953 149 1
                                    

အပိုင်း ၈၃

လောင်းကစားအိမ်အတွင်းတွင် ပတ်ဝန်းကျင်တစ်ခုလုံးက ပိန်းပိတ်အောင် မဲမှောင်နေပြီး မည်သည့်လူသား၏အသံကိုမျှ မကြားရချေ။

ထိုသို့ကျဉ်းမြောင်းကာ မဲမှောင်နေသောနေရာထဲတွင် အမျိုးသားကစားသမား နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ဖက်ကာ တဆတ်ဆတ်တုန်နေကြသည်။ သူတို့၏ပတ်ဝန်းကျင်တွင်လည်း သွေးများကစိုရွှဲနေသည်။ သူတို့၏ပတ်ဝန်းကျင်အနားသို့ ချဉ်းကပ်လာနေသည့် ဆူညံသံများကို ကြားနေရသည့်တိုင်အောင် အသံမထွက်ရဲချေ။ ထိုတစ်ခဏတွင် လောင်းကစားအိမ်ထဲမှ မကောင်းဆိုးဝါးကသာ သူတို့ အကြောက်လန့်ရဆုံး သတ္တဝါကြီးမဟုတ်ဘဲ လူတစ်ယောက်ကသာ သူတို့ အကြောက်လန့်ရဆုံးဖြစ်သည်။ သူတို့ကို ထိုလူက ရှာတွေ့သွား၍မရချေ။

...

အချိန်ပြန်နောက်ဆုတ်ရသော် လောင်းကစားအိမ်ပိတ်ကာစ လူအများက လောင်းကစားအိမ်ထဲမှ ခြေထောက်ကိုဆီသုတ်ထားသလို အပြေးအလွှားထွက်ပြေးကာစ အချိန်ဖြစ်သည်။ သူတို့က မည်သို့သောအခြေအနေအောက်တွင်မှ ဆက်လက်ပြီး အလောင်းအစား မလုပ်ရဲကြချေ။ သူဌေးကိုယ်တိုင်ကလည်း ချွေးစေးများပြန်နေပြီး စကားအနည်းငယ်ပြောကာ ရှင်းပြပြီးသည်နှင့် ထွက်ခွာသွားကာ ကစားသမား အနည်းငယ်ကိုသာ ချန်ထားရစ်ခဲ့သည်။

ကုဝူကျိ၏မေးခွန်း အမေးခံရပြီးနောက် ပထွေးဖြစ်သူကို ပြန်လွှတ်လိုက်သည်။ သူက ထွက်သွားခွင့်ရသောအခါ သက်လတ်ပိုင်းလူကြီးက မျက်ရည်ပင် ထွက်ချင်သွားသည်။ သူက သေခြင်းတရားမှ ကပ်သီးလေးလွတ်မြောက်သလို ခံစားနေရသည်။ သူ သည်လောင်းကစားအိမ်ကို ဘယ်သောအခါမှ ပြန်လာတော့မည် မဟုတ်ချေ။

ဆိုင်ပိုင်ရှင်၏ပြောစကားအရ သူတို့က အာရုဏ်မတက်မီအထိ သည်ကောင်တာအနားတွင်သာ နေရန်လိုအပ်သည်။ ထိုသို့ဖြင့် လောင်းကစားအိမ်ထဲမ ပစ္စည်းများက အခိုးခံရမည်မဟုတ်ချေ။ လမ်းကြုံနေသောကြောင့် သူတို့ကလည်း ထိုသူခိုးနှင့်ပတ်သက်သောကိစ္စများကို စုံစမ်းစစ်ဆေးရအုံးမည်ဖြစ်သည်။

ဒါက ရိုးရှင်းသောကိစ္စဟုထင်ရသည်။ ခက်ခဲမည်ဟုလည်း မခံစားရချေ။ သို့သော် လူတိုင်းကမူ သည်လောင်းကစားအိမ်က ညအချိန်တွင် မည်မျှအန္တရာယ်များကြောင်း ကောင်းကောင်းနားလည်နေကြသည်။ သူခိုးက လူပင်ဖြစ်စေ သရဲပင်ဖြစ်စေ မသေချာသေးလေရာ အန္တရာယ်က ပိုများသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now