အခန်း ၃

3.8K 502 4
                                    

အပိုင်း ၃

ထိုသရဲကောင်အပါအဝင် အားလုံး တိတ်ဆိတ်သွားကြသည်။ ရန်ဟွိုန် အလွန်အံ့ဩသွားခဲ့၏။ အကြောင်းမူကား ကုဝူကျိ ကိုင်ထားသော ထိုလက်က မရွေ့လျားတော့ခြင်းဖြစ်သည်။

ဘာလဲ ကုဝူကျိရဲ့ လုပ်ဆောင်မှုကို သဘောကျသွားတာလား၊ တစ္ဆေသရဲတွေက လူသားတွေ နှစ်သိမ့်တာကို ခံနိုင်သေးတယ်ပေါ့။

သူမ၏ ယခင်စိတ်များနှင့် သည်လောကကိုပင် သံသယစဝင်လာခဲ့သည်။

ကုဝူကျိက ထိုလက်ကို ကိုင်ထားသေးသည်။ သူက သူမ၏လက်ထဲမှ မိုက်ကရိုဖုန်းကို ယူကာ ထိုသရဲကိုမေးရင်း အင်တာဗျူးလိုက်၏။

"ရှန်းရှန့်(လူကြီးမင်း) ကျွန်တော်က ဒီမတော်တဆမှုအတွက် သတင်းတင်ပို့ပေးမဲ့ သတင်းထောက်ပါ၊ ဒီတစ်ကြိမ်တာဝန်ကတော့ ဒီမိသားစုတစ်ခုလုံး ဒီစံအိမ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအားလုံးကို စုံစမ်းစစ်ဆေးဖို့ပါပဲ၊ မင်း ငါတို့ကို သဲလွန်စများ ပေးနိုင်မလား၊ မင်းအတွက် ငါ ပြန်သွားတဲ့အခါ အမွှေးတိုင်ထွန်းပြီး မီးရှို့ပေးပါ့မယ်"

ရန်ဟွိုန်"..."

နင် တွေ့တဲ့သရဲကို ကောက်ဖမ်းပြီး ဒီလိုလိုက်မေးနေလို့မရဘူး၊ နောက်ပြီး အဲဒါက ငါ့ရဲ့မိုက်ကရိုဖုန်း။

ထို့နောက်တစ်ခဏတွင် ယခင်က မလှုပ်ရှားသော တစ်ကိုယ်လုံး လိမ်တွန့်နေသော သရဲက ကုဝူကျိထံ ဒေါသထွက်လာသကဲ့သို့ အပြေးအလွှားခုန်ဝင်လာကြောင်း မြင်လိုက်ရသည်။ ထိုသရဲက မည်းမှောင်သော မျက်နှာထားဖြင့် အသားကုန်ရုန်းကန်လာခဲ့၏။ သူက တစ်စုံတစ်ရာကို ထိတ်လန့်ကာ သူ၏မျက်နှာက အရိုးဖြူပင် ထွက်လာခဲ့သေး၏။

ရန်ဟွိုန်က ကုဝူကျိ၏ အနောက်ဘက်တွင် ရှိနေခဲ့ရာမှ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ကုဝူကျိသာလျှင် ထိုသရဲကို တည်ငြိမ်စွာကြည့်နေပြီးနောက် သရဲ၏ မျက်ဝန်းများက နှိုက်ထုတ်ခံထားရသော သဲလွန်စများကို မြင်လိုက်ရသည်။

ဆိုတော့ ဒါက လူသတ်သမားသတ်ခဲ့တဲ့ ပုံစံနဲ့များ ဆက်စပ်နေမလား။

ကုဝူကျိကို တွေးတောရန် အချိန်မပေးဘဲ ထိုသရဲက တိုက်ရိုက်ပင် သူ၏ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသည်။ အေးစိမ့်သော ဓာတ်တစ်ခုက သူ၏ ခေါင်းအစခြေအဆုံး လွှမ်းခြုံသွား၏။ သည်အချိန်အတောအတွင်းတွင် သူ၏ စိတ်ထဲတွင် မြင်ကွင်းများစွာ ရောက်ရှိလာခဲ့သည်။ ဒါက ထိုလူ၏ရှု့ထောင့်မှ မြင်ရခြင်းဖြစ်၏။ သူ အကောင်းဆုံးကြိုးစားကာ ဖုံးကွယ်သည်ဟု ထင်ရသည့်တိုင်အောင် သည်မြင်ကွင်းထဲတွင် ဖျော့တော့သော အလင်းများကို မြင်ရသေးသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now