အခန်း ၉၀

887 130 3
                                    

အပိုင်း ၉၀

ကုဝူကျိတို့အားလုံးက အခန်းထဲတွင် တစ်စုံတစ်ရာကိုလိုက်ရှာနေခြင်းဖြစ်သည်။

မှတ်စုစာအုပ်ထဲမှအကြောင်းအရာအရ ရဲတိုက်ကို အကြောင်းပြချက်မဲ့ တည်ဆောက်ထားခဲ့ခြင်း မဟုတ်ချေ။ ပြောရလျှင် နေရာအမျိုးမျိုးတွင် ဖုံးကွယ်ထားသည့် မှော်စက်ကွင်းများရှိနေသည်။ ထို့ကြောင့်သာ အခမ်းအနားပွဲကို ကျင်းပနိုင်ခြင်းဖြစ်နိုင်သည်။

ထိုပူဇော်ပသသည့်ပွဲတော်က အလွန်အမင်းအရေးကြီးပြီး မှော်စက်ကွင်းများကို ဖျက်ဆီးလိုက်ရုံဖြင့် ထိုအရာ၏အလုပ်လုပ်ဆောင်မှုကို တားမြစ်၍မရသေးချေ။ ကုဝူကျိက အခမ်းအနားပွဲကိုရပ်တန့်ရမည်မဟုတ်ဘဲ အချိန်ဆွဲနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။

သူတို့ကသာ ထိုအခမ်းအနားပွဲကိုမိုးသောက်ချိန်အထိ အချိန်ဆွဲနိုင်မည်ဆိုလျှင် တာဝန်ပြီးမြောက်သည်ဟု ယူဆနိုင်လေသည်။ သည်နည်းအားဖြင့် သည်ပုံတူလောကမှ ထွက်သွားနိုင်တော့မည်ဖြစ်သည်။

ကံကောင်းစွာဖြင့် မှော်စက်ကွင်းများရှိရာနေရာအားလုံးကို အမှတ်အသား ပြထားသည်။ သို့တိုင်အောင် အလွယ်တကူရှာရမလွယ်ကူသေးချေ။ ဖုံးကွယ်နေသော အခြားအရာများကိုလည်း ဖယ်ရှားရသေးသည်။

လုယွမ်ကျိုးကဲ့သို့သော ထိုနယ်ပယ်နှင့်ကျွမ်းဝင်ခြင်းမရှိသော လူများဆိုလျှင် မည်သည့်နေရာသို့သွားရှာရမှန်း မသိချေ။ ဘာရန်ကသာ သည်ပုံတူလောကမှ လူတစ်ယောက်ဖြစ်နေသည်။ သို့တိုင်အောင် ထိုနေရာက သူကိုယ်တိုင်နှင့် မရင်းနှီးသေးချေ။

"ဒီမှော်စက်ကွင်းတွေကို သေချာဖုံးကွယ်ထားတာပဲ၊ ဒီနေရာက အဲ့ဒီတည်ရှိမှုကြီးကို ချိတ်ပိတ်နိုင်ဖို့အတွက် တော်တော်လေးကိုပြင်ဆင်ထားကြတာ"

လုယွမ်ကျိုးက မျက်မျောင်ကြုတ်လိုက်သည်။ သူ ထိန်းချုပ်ထားသော သရဲမကသာ ရှိနေသေးလျှင် သူ့အနေဖြင့် ယခုလောက်အထိ ဒုက္ခများနေရန်မလိုအပ်ချေ။ ကပွဲက သိပ်မကြာခင် စတော့မည်ဖြစ်သည်။ ယခုအချိန်အတွင်း အလျင်အမြန်သာ ရှာမတွေ့ခဲ့လျှင် ...

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now