အခန်း ၅၆

1.3K 227 10
                                    

56 01

အပိုင်း ၅၆

ကုဝူကျိက စံအိမ်တော်ထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။ ထိုစံအိမ်ကြီးက အလွန်ကြီးသည်။ သည်လောကတွင် မည်သို့သောအနေအထားရှိကြောင်း မသိရချေ။ သို့သော် အစစ်အမှန်လောကတွင်သာဆိုလျှင် လူချမ်းသာများနေနိုင်ရန်သာ တတ်နိုင်သည်။ တစ်ချိန်တည်းတွင်ပင် အတွင်းပိုင်းတည်ဆောက်မှုက အစပိုင်းတွင် စီစဉ်ထားသောပုံစံမျိုးမဟုတ်ဘဲ ဝရုန်းသုန်းကားဆန်နေသည်။

"ကျင်းယွီကသာ ဒီနေရာမှာ တစ်ချိန်လုံးနေနေတယ်ဆိုရင် တော်တော်လေးကို ခက်ခဲပင်ပန်းမှာပဲ"

အခန်းထဲရှိလေထုက အလွန်သိပ်သည်းလွန်းသည်။ ကုဝူကျိက ရှည်လျားသော ကော်ရစ်တာကို ဖြတ်လျှောက်သွားချိန်တွင် သူ၏အရှေ့တွင် ပန်းချီပြခန်းမမှ ခန်းမလိုမျိုး ခန်းမတစ်ခုကို မြင်လိုက်ရသည်။ သို့သော် အတွင်းတွင် အလှဆင်ထားသော ရုပ်ထုများနှင့်ပုံများက တစ်ခုထက်တစ်ခု ပို၍ထူးဆန်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကလည်း အလင်းရောင်အောက်တွင် အပြာဖျော့ရောင်အလင်းတောက်ပနေသည်။ ထို့ကြောင့် အခန်းမှသုန်မှုန်သောခံစားချက်ကိုသာ ပေးစွမ်းလာသည်။

အပြင်ဘက်ရှိ အလောင်းများနှင့်ယှဉ်သော် သည်နေရာရှိပန်းချီများကမူ ပို၍သာမန်ဆန်သည်မှာ သာမန်ပန်းချီများနှင့်တူသည်။ သို့သော် လူများ၏မျက်လုံးများက အထဲဝင်လာသောလူများကို ကြည့်နေသလိုဖြစ်နေသည်။

ပို၍ကြောက်စရာကောင်းသောအချက်က ဝင်ရောက်လာပြီးနောက် ခပ်တိုးတိုး ကြားနေရသည့် အမောတကောအသက်ရှူသံနှင့် ငိုသံအရ သရဲများဝိုင်းနေခြင်းကို ခံထားရသလို ထင်ရစေသည်။

သာမန်လူများကသာ ထိုနေရာသို့လာလျှင် အထဲသို့ဝင်လိုက်ပြီးသည်နှင့် သူတို့၏ခြေထောက်များက ပျော့ခွေကျသွားပေလိမ့်မည်။

"ပြခန်းထဲကို ဘယ်သူက ဒီလိုဒေါသခံစားချက်တွေ ထည့်ထားတာလဲ"

ကုဝူကျိက မနေနိုင်ဘဲတွေးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူ၏အရှေ့ရှိရုပ်ထုကို ဂရုတစိုက်လေ့လာရင်း ဘေးနားရှိပန်းချီကားကိုလည်း ကြည့်နေလိုက်သည်။ ထိုရုပ်ထုက အံကြိတ်ထားသည့် တင်းမာသောမျက်နှာထားမျိုးနှင့် သာမန်လူငယ်တစ်ယောက်နှင့်သာ တူသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now