အခန်း ၅၀

2.7K 302 1
                                    

50 01

အပိုင်း ၅၀

ကုဝူကျိက သည်တစ်ကြိမ်တွင် စွန့်ပစ်စိတ်ကျန်းမာရေးဆေးရုံကို ရွေးချယ်လိုက်သည်။ ဒါက သူ ကြုံတွေ့ခဲ့ဖူးသော ပထမဦးဆုံးပုံတူလောကနှင့် ဆက်စပ်နေသော်လည်း ဆေးရုံချင်းတူနေကတည်းက အစစ်အမှန်လောကတွင်ပင် သူ့ကို ကူညီပေးနိုင်သည့်ပစ္စည်းအချို့ ရရှိနိုင်သည်ဟု ယူဆမိသည်။

ဒါကြောင့် ထိုပုံတူလောကမြေအောက်အကျဉ်းစခန်းက စနစ်၏ရှင်းပြချက်အရဆိုလျှင် အစွန့်ပစ်ခံစိတ်ကျန်းမာရေးဆေးရုံဖြစ်ပြီး ကောလဟာလအရ ညအခါတွင် မကောင်းဆိုးဝါးများ သားရဲကြီးများ ပေါ်လာတတ်သည်ဟု ဆိုကြသည်။ တစ်ချိန်တည်းတွင်ပင် သူကလည်း ပထမဦးဆုံးတစ္ဆေအခြောက်ခံရသည့် အတွေ့အကြုံကိုရခဲ့ပြီးနောက် သေရမည်ကို မကြောက်တတ်သည့် သတင်းထောက်သမား ဖြစ်နေခဲ့သေးသည်။

ကိစ္စများက ပြောကောင်းသောအခြေအနေမဟုတ်တော့ချေ။ လုံခြုံစေရန်အတွက် ကုဝူကျိက စနစ်မှအမှတ်များနှင့်လဲပြီး သဲလွန်စကို ဝယ်ယူလိုက်ပြီးမှသာ ဝင်ရောက်လိုက်သည်။

ထို့နောက်တစ်ခဏတွင် သူ၏လက်ပေါ်သို့ အလင်းစက်တစ်စက်က ကျလာသည်။ ထိုအလင်းစက်က ပျောက်ကွယ်သွားသည့်အချိန်တွင် နာရီတစ်လုံးက ပေါ်လာသည်။

ကုဝူကျိက နာရီကိုကောက်ယူပြီးနောက် ဘယ်ညာကြည့်ကြည့်သည်။

"ဘယ်လိုပဲကြည့်ကြည့် ဒါက သာမန်နာရီပဲ"

စနစ်မှ သဲလွန်စအဖြစ်ပေးလာသောပစ္စည်းများက မတိကျချေ။ တစ်ခါတစ်ရံတွင် စာဖြစ်ပြီး တစ်ခါတစ်ရံတွင် ပစ္စည်းဖြစ်သည်။ ယေဘူယျကျကျပြောရလျှင် ဒါက သာမန်နာရီနှင့်သာတူသည်။ သည်သဲလွန်စများကို မှီခိုရုံနှင့် ကိစ္စအများအပြားကို ရှာနိုင်မည်ဟု တွေး၍မရတော့ချေ။

သည်တစ်ကြိမ်ပုံတူလောကသို့မဝင်ခင် ကုဝူကျိက သူ၏အမှတ်များဖြင့် သူ၏ရုပ်ရည်ကို ပြောင်းလဲနိုင်သည့်စွမ်းရည်ကို ဝယ်ယူခဲ့သည်။ သို့သော် သူ၏ရုပ်ရည်က ထူးထူးခြားခြားပြောင်းလဲသွားခြင်းမရှိသော်လည်း တစ်ချက်ကြည့်ရုံဖြင့် သူက မည်သူမှန်း မပြောနိုင်တော့ချေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now