အခန်း ၅၇

1.4K 214 8
                                    

57 01

အပိုင်း ၅၇

ကုဝူကျိက နိုးလာသောအခါ အနည်းငယ်မူးဝေနေသေးသည်။ သူ ခေါင်းအနည်းငယ် ခါရမ်းကြည့်ပြီးမှသာ အပြည့်အဝနိုးလာတော့သည်။

ထိုအချိန်တွင် ကုဝူကျိက ရုတ်တရက် ယခင်ပုံတူလောကတွင်ဖြစ်ပျက်ခဲ့သော နောက်ဆုံးအကြောင်းအရာများကို သတိရသွားပြီး မျက်နှာတွင် ချွေးစေးများ ပြန်သွားသည်။

ထိုအချိန်က သွေးဆုံးရှုံးမှုများလွန်းနေသေးကြောင်း ထိုအသံက မည်သူ၏အသံ ဖြစ်ကြောင်း မမှတ်မိသော်လည်း ကုဝူကျိအနေဖြင့် ယခုလို ခေါင်းရှင်းသွားသော အချိန်တွင် သေချာတွေးတောနိုင်မည်ဖြစ်သည်။ ထိုသူက ပထမဆုံးပုံတူလောကမှ ခေါင်းဆောင်ဖြစ်နေသည်။ တစ်ဖက်သူက မည်သို့သောရုပ်ရည်ရှိကြောင်းကိုပင် သူက မသိထားသေးချေ။

"ဘယ်လိုတောင်လဲ၊ ဒီပုံတူလောကနှစ်ခုက တစ်လောကထဲမှာ ရှိတယ်ဆိုပေမယ့်လည်း ထိတွေ့မှုက မြန်ဆန်လွန်းမနေဘူးလား"

ကုဝူကျိက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

"ဒါပေမယ့် အဆုံးမှာတော့ သူကပဲကယ်တင်ပေးခဲ့တာ ငါ အနာဂါတ်မှာ သူ့ကို ကျေးဇူးတင်သင့်တယ်"

ပန်းချီကားလောကထဲရှိ သူ၏တည်ရှိမှုကြောင့် တစ်ဖက်သူက သူ၏တည်ရှိမှုကို သတိမပြုမိခဲ့ချေ။ သို့ရာတွင် သူက ကျင်းယွီဟာ သာမန်လူသစ်တစ်ယောက်ဟုထင်ခဲ့ပြီး သူ့ကို အာရုံခံမိစေနိုင်သည့်ဂါထာတစ်ခုပေးခဲ့သည်။ ကံကောင်းစွာဖြင့် သူက အစစ်အမှန်လောကသို့ ပြန်ရောက်လာခဲ့သည်။ မဟုတ်လျှင် မည်သို့သောအခြေအနေ ဖြစ်လာမည်ဖြစ်ကြောင်း မသိနိုင်သေးချေ။

[ဂုဏ်ယူပါတယ်၊ ကစားသမားက အလယ်အလတ်ပုံတူလောကကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ပါပြီ၊ နောက်ပြီး ဒါကလည်း ငါးခုမြောက်ပုံတူလောကတစ်ခုဖြစ်နေတယ်၊ ဒီတော့ အမှတ်ငါးရာကို အောင်ပွဲခံအမှတ်အဖြစ် ရရှိလိုက်ပါတယ်၊

ကစားသမားရဲ့ပုံတူလောကထဲက ထူးချွန်ပြောင်မြောက်တဲ့လုပ်နိုင်စွမ်းရည်ကြောင့် သရဲတွေရဲ့ မျက်နှာသာပေးတာကိုခံရတဲ့အပြင် အဓိကသဲလွန်စကိုလည်း ရှာတွေ့နိုင်ခဲ့ တယ်၊ ဒီတော့ ဆုလာဘ်အနေနဲ့အမှတ် ခြောက်ရာရရှိတယ်၊

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now