အခန်း ၆၆

1.4K 204 3
                                    

66 01

အပိုင်း ၆၆ နံပါတ်ခြောက် ပုံတူလောက

"ဒီသရဲကိုကြည့်ရတာ လူတွေကို နှစ်နှစ်ခြိုက်ခြိုက်အိပ်အောင်လုပ်နိုင်စွမ်းအား ရှိလောက်တယ်"

ကုဝူကျိက ဆက်ရှင်းပြသည်။

"ဒီခန်းမထဲမှာ လူတွေအားလုံးစုနေရင်တောင်မှ အန္တရာယ်က ရှိနေနိုင်တုန်းပဲ ဘာပဲဖြစ်ဖြစ် အခုလိုဖြစ်လာခဲ့ရင် ငါတို့အတွက် အာမခံချက်မရှိတော့ဘူးလေ"

ရှောင်းချန်းက ကုဝူကျိနှင့်ဆက်ပြီးမငြင်းရဲတော့ချေ။ ကုဝူကျိက အကြံအစည်ချတတ်လွန်းသောလူဟုသာ ယခင်က တွေးမိခဲ့သည်။ ယခုမူ ကုဝူကျိက အကြံအစည်ကြီးလွန်းပြီး ခပ်ကြမ်းကြမ်းလုပ်ဆောင်နိုင်စွမ်းရှိသောလူမျိုးဖြစ်ကြောင်း သေချာသွားသည်။

သူက ဘယ်လိုဖြစ်ပြီး ဒီလိုလူမျိုးနဲ့လာဆုံရတာလဲ။

မူလက သူက သတင်းအချက်အလက်အများကြီးကို ရရှိထားခဲ့သဖြင့် သည်ပုံတူလောကထဲမှ လုပ်နိုင်စွမ်းအားအရှိဆုံးလူဖြစ်ရန် ကြံစည်ထားခဲ့သည်။ လမ်းတစ်လျှောက်တွင် အရေးမပါသောလူအချို့ကို ကယ်တင်ခဲ့သည်လည်းဖြစ်နိုင်သည်။ ထိုသို့ဖြင့် သူက အဆုံးတွင် အမှတ်အများကြီးကို အောင်အောင်မြင်မြင်ရနိုင်ပေလိမ့်မည်။ သို့သော် အကြောင်းပြလျက်မရှိ ယခုလိုအခြေအနေမျိုးကို ကြုံတွေ့နေရလေပြီ။

သို့သော်ကံကောင်းသည်မှာ သူက သည်ပုံတူလောကမှအမှန်တရားကို သိထားသမျှ ထိုအန္တရာယ်များကို မည်သို့ရှောင်ရမည်ဖြစ်ကြောင်း သိနေပေလိမ့်မည်။ ဆွန်းရှီကိုမူ ကြောက်စရာမရှိချေ။ သူက သည်အတိုင်း အခွင့်အရေးတစ်ခုကိုရှာကာ သတ်ကောင်းသတ်နိုင်လောက်သည်။

"ရှောင်းကော ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

လူတစ်ယောက်က အနားသို့ အထိတ်တလန့်ရောက်လာကာကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေ ယခင်နေ့ရက်များအတွင်းရှိ အတွေ့အကြုံများကြောင့် သူတို့က အရာအားလုံးတွင် ရှောင်းချန်းကို မှီခိုသောအလေ့အကျင့်ကိုရနေလေပြီ။

ရှောင်းချန်းက ခွေးအိုတစ်ကောင်ဖြစ်သည်။ သည်လိုအခြေအနေမျိုးတွင် သည်လိုလှည့်ဖြားမှုအပြည့်ပါသောမေးခွန်းမျိုး မေးခံရသောအခြေအနေကို သူက အလွန်သဘောတွေ့သည်။ ကုဝူကျိက သူ့အပေါ် ဆိုးရွားသောအမြင်တစ်ခုခု ရှိသွားမည့်အရေးကို လက်သင့်မခံနိုင်ပြန်ချေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now