အခန်း ၂၈.၁

2.4K 344 15
                                    

Unicode
အခန်း(၂၈.၁) 

နောက်တစ်ရက်တွင် ကုဝူကျိ၏ ပတ်ဝန်းကျင်တွင် သရဲမကို ရုတ်တရက် မြင်လိုက်ရသဖြင့် ချန်းကျားက ထိတ်လန့်ချောက်ချားသွားပြီး အော်ငိုလုမတတ် ဖြစ်သွားသည်။ သူ၏နှလုံးသားက ထိုသို့ အလဲလဲအပြိုပြို ဖြစ်နေချိန်တွင် ကုဝူကျိထံမှ ရင်းနှီးကျွမ်းဝင်သော စကားများကို ကြားလိုက်ရသည်။

ချန်းကျား “...”

သို့ရာတွင် ထိုနည်းအတိုင်း တွေးတောကြည့်မည်ဆိုလျှင် မျက်နှာပြင်အနှံ့ သွေးများစိုရွှဲခြင်းနေမှလွဲ၍ ထိုသရဲမက သာမန်သာဖြစ်ပြီး ချောက်ချားဖွယ် ခံစားချက်မျိုးကို မပေးစွမ်းချေ။ ထိုသွေးများကို သုတ်လိုက်မည်ဆိုလျှင် သာမန်မိန်းကလေး တစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်သည်။

အနှစ်ချုပ်ဆိုရသော် ဆေးရုံတွင် ချန်းကျား သရဲနှင့်ရင်ဆိုင်ရခြင်းဟာ ဟွမ်ထောင်နှင့် ဆက်စပ်နေနိုင်သည်။ ကုဝူကျိဟာလည်း ဟွမ်ထောင်၏ ပြဿနာက သေးငယ်ခြင်းမရှိသည့်အပြင် နားလည်လက်ခံနိုင်ဖွယ်ပင် မရှိကြောင်း တွေးတောသုံးသပ်လိုက်မိသည်။

ဟွမ်ထောင်ကလည်း အလွန်ထိတ်လန့်သွားပြီး ကြောက်ရွံ့သွားသည်။ ကိစ္စများက ထိုအခြေအနေအထိ တိုးတက်လာမည်ဟု မထင်ထားမိချေ။ သူက ခပ်မြန်မြန် ရှင်းပြလိုက်ရသည်။

“မဟုတ်ဘူး ရှောင်ကူ ငါတကယ် မသိပါဘူး။ ဒီသရဲမကို ငါတစ်ခါမှတောင် မသိဘူး။ မြင်လည်းမမြင်ဖူးဘူး။ ငါဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ တစ်ခုခုက မှားနေတာပါ”

ဖြစ်စဉ်က အလွန်ရင်းနှီးကျွမ်းဝင်နေပြီး သူကိုယ်တိုင်တွင် ဖြစ်ခဲ့ဖူးသလို ခံစားရသော်လည်း ချန်းကျားက ဟွမ်ထောင်ကို သနားညှာတာခြင်းမရှိဘဲ ဒေါသအပြည့်ဖြင့် အော်လိုက်သည်။

“ဘယ်လိုဖြစ်ပြီး ခင်ဗျား မဖြစ်ရမှာလဲ။ အဲ့ဒါကို ခင်ဗျား သစ်သီးခြင်းထဲမှာ ထည့်ထားခဲ့တာလေ။ သရဲတွေကို ဆွဲဆောင်ပြီး ငါ့ကိုတမင်ဒုက္ခပေးချင်တာ မဟုတ်လို့ဘာလဲ”

ဟွမ်ထောင်ကလည်း အလွန်ထိတ်လန့်သွားလေပြီ။ သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင်ပင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူ တစ်ယောက်အနေဖြင့် သဘာဝကျကျ စကားပြောနိုင်စွမ်း ရှိနေသေးသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now