အခန်း ၉၁

778 142 2
                                    

အပိုင်း၉၁

ထိုအချိန်တွင် ကပွဲခန်းမတစ်ခုလုံးက ရုတ်ချည်း တိတ်ဆိတ်သွားသည်။ လူတိုင်း၏အာရုံစိုက်ရာဖြစ်သည့် ရဲ့ထယ်ကလည်း တစ်စုံတစ်ရာကို သတိထားမိနေသည့်အလား တစ်နေရာတည်းသို့သာ စိုက်ကြည့်နေကြောင်း လူတိုင်းက သတိထားမိလိုက်ကြသည်။

လူကြီးမင်းရဲ့ထယ်ကို ဆွဲဆောင်လိုက်နိုင်သည့်အရာကိုလည်း လူတိုင်းက ခန့်မှန်းကြည့်လိုက်ကြသည်။

ကစားသမားများကမူ အလွန်အမင်းထိတ်လန့်နေကြပြီဖြစ်သည်။ အထူးသဖြင့် တစ်နေရာသို့ ထွက်ပြေးနိုင်မည့်လမ်းကြောင်းအကြောင်းကို စဉ်းစားနေသည့် လုယွမ်ကျိုးဖြစ်သည်။ သူ၏မျက်နှာထားက ပြောင်းလဲသွားသည်။ အခြားသော လူများကမူ မသိလောက်သော်လည်း သူက ထိုအရှင်ကိုမြင်ဖူးသည်။ ထိုအရှင်ထံမှ မိလုနီးပါးဖြစ်ခဲ့ဖူးသည်။

အခု ဒီအရှင်က ကုဝူကျိရဲ့နောက်ခံကို သိသွားပြီလား။

သူ့ကို ထိုးဖောက်မတတ်ပြင်းထန်သည့် မျက်ဝန်းများ၏စောင့်ကြည့်နေမှုကို ခံစားရသည့်တိုင်အောင် ကုဝူကျိက အပေါ်ယံတွင်တည်ငြိမ်နေသည်။ သို့သော် စိတ်ထဲတွင်မူ အခြားသောပုံတူလောကများမှ ခေါင်းဆောင်များကိုဆင့်ခေါ်နိုင်ရန် အသင့်ပြင်ထားပြီးသားဖြစ်သည်။

လာနောက်နေတာလား၊ ဒီအခန်းထဲမှာ သွေးစုပ်ဖုတ်ကောင်တွေအပြည့်ပဲ၊ သူတို့ကသာ သူ့ကိုတစ်ခုခုလုပ်ချင်ရင် သူ ရှင်နိုင်ပါ့မလား။

ထိုသူများကိုရင်ဆိုင်နိုင်ရန်အလို့ငှာ သူက မီးကိုအဆိပ်သုံးပြီး တိုက်ခိုက်ရန်သာ ရှိတော့သည်။

သူက အဝေးမှစိုက်ကြည့်နေသည့် ရဲ့ထယ်ထံ ခေါင်းမော့ကာကြည့်လိုက်သောအခါ သူ ထိုအရှင်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်နေသည့်တိုင်အောင် ရှင်းပြရန်ခက်ခဲသည့်ရင်းနှီးမှုကို ခံစားလိုက်ရသည်။

"ဒါက ... မင်းပဲ"

ရဲ့ထယ်၏အသံက ရုတ်တရက်ထွက်လာသည်။ ထို့နောက် သူက အေးစက်စွာပြောသည်။

"သွေးအရင်းအမြစ်က မင်း"

"အရှင် ဘာတွေပြောနေလဲ ကျွန်မ နားမလည်ပါဘူး"

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now