အခန်း ၁၀

4.8K 612 11
                                    

Unicode

အပိုင်း ၁၀

ကုဝူကျိ ပြန်နိုးလာသောအခါ တောအုပ်အတွင်းသို့ ရောက်နေကြောင်း မြင်လိုက်ရသည်။ သူ၏ကျောတွင် ကျောပိုးအိတ်တစ်လုံးရှိနေခဲ့ကာ ရှင်သန်နေထိုင်ရန် လိုအပ်သော ပစ္စည်းကိရိယာအစုံပါဝင်သည်။

သူ့လိုလူမျိုးအနည်းငယ်ခန့် ပတ်ဝန်းကျင်တွင် ရှိနေခဲ့သေး၏။ ထိုသူများက အခြားသော ကစားသမားများဖြစ်ပေလိမ့်မည်။ အားလုံးပေါင်း ခြောက်ယောက်၊ ခုနှစ်ယောက်ခန့်ရှိကြောင်း မြင်လိုက်ရ၏။

[တောင်တောအုပ်ရဲ့အတွင်းပိုင်းကို ခရီးသွားလေ့လာဖို့လာရင်း မင်းတို့က လမ်းပျောက်သွားကြတဲ့သူတွေပဲ၊ မင်းတို့ရဲ့ဖုန်းတွေကလည်း တိုင်တွေ မမိတော့ဘူး၊ မင်းတို့ရဲ့အစားအစာကလည်း ကုန်လုနီးပါးဖြစ်နေပြီ၊ မင်းတို့ရဲ့ဗိုက်က ဟောင်းလောင်းဖြစ်နေပြီ၊ ထပ်ပြောရရင်  မင်းတို့ အပြန်လမ်းကို ရှာမတွေ့တော့တာ။]

ကုဝူကျိက ဖုန်းကို ထုတ်ကြည့်လိုက်သည်။ အမှန်ပင် ဘာတိုင်မှ မတွေ့ရပေ။ အနှစ်ချုပ်ဆိုရသော် ပါဝါပင် ပိတ်နေသေး၏။

[အဲဒီအချိန်မှာမင်းတို့ရဲ့ရှေ့မှာ ဟိုတယ်အသေးစားတစ်လုံးကို မြင်လိုက်ရတယ်၊ ဒါက မင်းတို့ရဲ့မျှော်လင့်ချက်တွေ ပြည့်ဝသွားသလိုမျိုး မင်းတို့စိတ်လှုပ်ရှားစွာနဲ့ ရှေ့ဆက်သွားခဲ့ကြတယ်၊ ဒါပေမယ့် ဘယ်သူမှ မသိထားတာက မင်းတို့ကို စောင့်ကြိုနေတဲ့အရာတွေရှိတယ်ဆိုတာပဲ။]

[အဓိကတာဝန် .. ဟိုတယ်လေးမှာ ငါးရက်လောက် ရှင်သန်နိုင်အောင်ကြိုးစားပါ။]

စနစ်မှ စက်ရုပ်သံကြီး ပြီးဆုံးသွားသည်နှင့် လူတိုင်းက အချင်းချင်း မိတ်ဆက်ကြသည်။
သည်တစ်ကြိမ်တွင် ကစားသမားအသစ်များ တစ်ယောက်မှ ပါမလာခဲ့ပေ။ အားလုံးက အတွေ့အကြုံရှိပြီးသူများဖြစ်ကြ၏။ ထို့ကြောင့်မြင်ကွင်းက တက်ကြွနေသည်ဟု ဆိုရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အသစ်လေးများကဲ့သို့ သူတို့က ကိုင်တွယ်ရလွယ်ကူသူများ မဟုတ်ကြပေ။ အချင်းချင်း သတိအနေအထားထားကာ ကြည့်နေကြ၏။

ထိုအဖွဲ့အတွင်းတွင် ရုပ်ရည်၏ ထူးခြားချောမောမှုကြောင့် ကုဝူကျိက သံသယဝင်ရန် မလိုလောက်အောင် အာရုံအစိုက်ခံရဆုံးဖြစ်နေ၏။ လူအများ၏အာရုံကို ဆွဲဆောင်မိသလိုဖြစ်နေ၏။ အထူးသဖြင့် အမျိုးသမီးကစားသမားများဖြစ်ကြကာ သူ့ကို အချိန်တိုင်းလိုလို ကြည့်နေကြသေးသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now