ဝတ္ထုအ​ကြောင်း ဝတၳဳအ​ေၾကာင္း

2.1K 106 31
                                    

[Unicode] 

'အဆုံးသတ်တိုင်းမှာ အစတစ်ခုကတော့ ရှိစမြဲပဲ'

ဒါက ဒီဝတ္ထုမူရင်းမျက်နှာဖုံးပေါ်က စာသားလေးပါ။ ဒီစာသားလေးအတိုင်းပါပဲ။ အဆုံးသတ်တစ်ခုကနေ အစတစ်ခု နိဒါန်းပျိုးလာခဲ့တဲ့ လီလီရဲ့ဘဝလေးကို ဒီစာအုပ်မှာ ဆက်ဖတ်သွားကြရမှာပါ။

မှန်ကန်တဲ့လူတစ်ယောက်နဲ့သာ အစချီလျှောက်လှမ်းလိုက်ကြမယ်ဆိုရင် ဘဝဟာ ဘယ်လောက်တောင်ချိုမြိန်သာယာသွားလိမ့်မလဲဆိုတာကို ဒီဝတ္ထုထဲမှာ ဖတ်ရှူသွားရမှာပေါ့နော်။ ဆိုတော့ ရှင်းရှင်းပြောရရင်တော့ အားရပါးရရင်​မောခဲ့ပြီးသွားကြတဲ့နောက် "ရော့ဟဲ့၊ ရော့ဟဲ့"ဆိုပြီး အချိုတွေပစ်ကျွေးတော့မှာမို့ စိတ်ကိုပြင်ဆင်ထားကြပါလို့ပဲ ပြောပါရစေ။

ဒီလိုဆိုတိုင်း ဒီထဲမှာ Colleen Hooverထည့်နေကျ ရင်​မောစရာအခန်းတွေမပါဘူးလို့တော့မထင်ပါနဲ့။ ပါတော့ပါဦးမှာပါ၊ ဒါပေမဲ့ ခပ်ပါးပါးလေးပဲပါပြီး ခပ်မြန်မြန်လေးဇာတ်သိမ်းသွားကြမယ့် ဝတ္ထုလေးပါနော်။

ပြောချင်တာတော့ ဒီဝတ္ထုက ကိုယ့်ဘာသာပြန်ထားတဲ့ 'နိဂုံးချုပ်သွားခဲ့ပြီ'ရဲ့အဆက်ပါ။ ဆက်တာမှ အဲ့ဒီဝတ္ထုအဆုံးစာမျက်နှာပြီးရင် ဒီဝတ္ထုအစစာမျက်နှာကို သွားထည့်ချုပ်လိုက်ရင်တောင် တစ်ဝတ္ထုတည်းဆက်ဖြစ်သွားနိုင်လောက်အောင် ဆက်တဲ့အဆက်ပါ။ ဒါကြောင့် ကျေးဇူးပြုပြီး 'နိဂုံးချုပ်သွားခဲ့ပြီ'လေးကို အရင်သွားဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

အဲ့ဒီ'နိဂုံးချုပ်သွားခဲ့ပြီ'ဆိုတဲ့ဝတ္ထုက အရမ်းခံစားရစေတယ်၊ အရမ်းမွန်းကျပ်စေတယ်ဆိုပြီး ပြောကြလို့ မဖတ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ကိုယ် အဲ့ဒါလေးကို ငြင်းတော့ မငြင်းပါဘူး။ ဒါပေမဲ့ အဆုံးထိဖတ်ရင်တော့ ဇာတ်သိမ်းလေးက ကြည်နူးဖို့ကောင်းပါတယ်နော်။

အဲ့ဒီကြည်နူးဖို့ကောင်းတာလေးက အခုဆိုရင် ကြည်နူးဖို့ကောင်းတာကြီးအဖြစ်နဲ့ 'Happy Ending'တစ်ခုကို အကျယ်ချဲ့ရေးသွားပေးခဲ့ပါပြီ။

[အောက်က စာတွေကို 'နိဂုံးချုပ်သွားခဲ့ပြီ'မဖတ်ရသေးရင် လုံးဝဆက်မဖတ်ပါနဲ့တော့နော်🥰]

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now