အခန်း (၂၅)

168 28 0
                                    

အာ့တ်လက်စ်

"မနေ့ညက အိမ်ဘယ်အချိန်ပြန်ရောက်လဲ" လို့ ဂျော့ရှ်ကမေးလာတယ်။ သူက မီးဖိုချောင်ထဲ မတူတဲ့ခြေအိတ်နှစ်ဘက်ဝတ်ရင်း ရှပ်တိုက်လျှောက်သွားနေတယ်။ တစ်ဘက်က ကျွန်တော်သူ့အတွက်ဝယ်ပေးထားတဲ့အသစ်၊ တစ်ဘက်က ကျွန်တော့ဟာ။ ကျွန်တော်အိမ်ပြန်ရောက်တော့ သီအိုနဲ့ဂျော့ရှ်တို့ အိပ်ပျော်နေကြပြီ။ ဒါပေမဲ့ ကျွန်တော်က သူတို့မနိုးခင် (၃)နာရီစောနိုးတုန်းပါပဲ။ ဘရတ်က သီအိုနဲ့ ပြီးခဲ့တဲ့မိနစ်(၂၀)ကမှပြန်သွားခဲ့တယ်။

"အဲ့ဒါမင်းအလုပ်မဟုတ်ပါဘူး" ကျွန်တော် စားပွဲခုံကိုလက်ညှိုးထိုးပြလိုက်တယ်။ အဲ့ဒီမှာ ဂျော့ရှ်ရဲ့အိမ်စာက မပြီးသေးဘဲရှိနေတယ်။ သူ မနေ့က အဲ့ဒါကိုလုပ်ပါ့မယ်လို့ကတိပေးခဲ့တယ်။ ကျွန်တော်သာ သီအိုကိုညအိပ်နေခွင့်ပေးရင်ပေါ့။ ဒါပေမဲ့ ဗီဒီယိုဂိမ်းတွေရယ်၊ မန်းဂရုပ်ပြစာအုပ်ရယ်၊ အန်းနိမဲကာတွန်းကားတွေရယ် အဲ့ဒီလမ်းမှာနေရာဝင်ယူသွားကြတဲ့ခံစားချက်မျိုးရနေတယ်။ "မင်း မင်းရဲ့အိမ်စာမလုပ်ခဲ့ဘူးလား"

ဂျော့ရှ်က စာရွက်အထပ်လိုက်ကိုလှမ်းကြည့်ပြီးတဲ့နောက် ကျွန်တော့ကိုပြန်ကြည့်လာပြီး "ဟင့်အင်း"

"အိမ်စာလုပ်ချည်" ကျွန်တော် အဲ့ဒီစကားကိုယုံကြည်မှုအပြည့်နဲ့သာပြောလိုက်ပေမဲ့ ဒါကိုဘယ်လိုလုပ်ရမှန်း ကျွန်တော်မသိပါဘူး။ ကျွန်တော်အရင် တစ်ခါမှ ကလေးတစ်ယောက်ကို အိမ်စာမလုပ်ခိုင်းခဲ့ဖူးဘူး။ သူ့အိမ်စာကိုမလုပ်ရင် ဘယ်လိုအပြစ်ပေးရမှန်းတောင် ကျွန်တော်မသိဘူးရယ်။ ကျွန်တော်သရုပ်ဆောင်နေသလိုခံစားရတယ်။ ဟုတ်တာပဲလေ။ ကျွန်တော်က အယောင်ဆောင်ကောင်တစ်ယောက်ပဲဟာ။

"ကျွန်တော် အဲ့ဒါကို ရှောင်ဖယ်၊ ရှောင်ဖယ်လုပ်နေတာမဟုတ်ဘူး" လို့ ဂျော့ရှ်က ပြောတယ်။ "အဲ့ဒါကိုလုပ်လို့မတတ်ရုံပဲ"

"အဲ့ဒါက အရမ်းခက်လို့လား။ ဘာလဲ၊ သင်္ချာလား"

"ဟင့်အင်း၊ ကျွန်တော်သင်္ချာလုပ်ပြီးပြီ။ သင်္ချာကလွယ်တယ်။ ဒါက ကွန်ပျူတာအတန်းအတွက်လုပ်ရမယ့် ကြောင်တောင်တောင်ချီးထုပ်ပဲ"

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now