အခန်း (၃၄)

156 25 1
                                    

လီလီ

ကျွန်မ စာတိုလေးကိုကျော်သွားမိတော့မလို့ပါနော်။ ကျွန်မခမျာ ဒီမနက် အရမ်းတွေသုတ်သီးသုတ်ပျာဖြစ်နေခဲ့ရတာကိုး။ အဲ့ဒါက ကျွန်မရဲ့တံခါးမကြီးအောက်ထိုးထည့်ထားခဲ့ပြီး အဝင်အဝခြေသုတ်ခုံပေါ်ရောက်သွားခဲ့တာရယ်။

အမ်မီက ကျွန်မရဲ့တင်ပါးပေါ်မှာရှိနေတယ်။ ကျွန်မရဲ့ပခုံးပေါ်မှာ ပိုက်ဆံအိတ်တစ်လုံးနဲ့ကလေးပစ္စည်းအိတ်တစ်လုံးရှိနေပြီး ကျွန်မလက်ထဲမှာ ကော်ဖီက ရှိနေတယ်။ အဲ့ဒါတစ်စက်လေးမှဖိတ်မကျအောင် ကိုယ်ကိုကိုင်းပြီး စာတိုလေးကို ကျွန်မလှမ်းကောက်လိုက်နိုင်တယ်။ အာဂမိခင်ကြီးပါနော်။

အဲ့ဒါကိုဖွင့်ကြည့်ဖို့ အလုပ်မှာ အချိန်လေးအတော်အသင့်ရတဲ့အထိတော့ စောင့်လိုက်ရသေးတယ်။ ကျွန်မစာတိုစာရွက်ခေါက်ထားတာကိုဖြေလိုက်တော့ အာ့တ်လက်စ်ရဲ့လက်ရေးကိုတွေ့လိုက်ရတယ်။ စိတ်သက်သာရာရတဲ့တဆတ်ဆတ်တုန်ယင်မှုတစ်ခု တစ်ကိုယ်လုံးဖြတ်စီးသွားတယ်။ အဲ့ဒီစာက အာ့တ်လက်စ်မဟုတ်တဲ့တခြားတစ်ယောက်ယောက်ဆီက ဖြစ်လိမ့်မယ်လို့ တွေးထင်ခဲ့တာကြောင့်မဟုတ်ပါဘူး။ ကျွန်မတို့တွဲလာခဲ့ကြတာ အခုဆိုလတွေအများကြီးရှိသွားခဲ့ပြီ။ ပြီးတော့ သူက ကျွန်မကိုတစ်ချိန်လုံးစာတိုလေးတွေ ချန်ချန်ထားခဲ့တတ်တယ်။ ဒါပေမဲ့ ဒါကတော့ သူချန်ခဲ့သမျှစာတိုတွေထဲ ရွိုင်းလ်ဆီကများဖြစ်ချင်ဖြစ်နေမလားဆိုပြီး ကျွန်မရဲ့အစိတ်အပိုင်းသေးသေးလေးက အကြောက်လွန်ရင်းဖွင့်ရတာမျိုးမဖြစ်မိခဲ့တဲ့ ပထမဆုံးစာတိုတွေထဲက တစ်ခုပဲ။

ဒီအခိုက်အတန့်ရဲ့အရေးပါပုံကို ကျွန်မစိတ်မှတ်တစ်ခုလုပ်ထားလိုက်တယ်။

ကျွန်မအဲ့ဒီလိုမျိုးအများကြီးလုပ်ဖြစ်တယ်။ ကျွန်မဘဝက နောက်ဆုံးတော့ သာမန်ပြန်ဖြစ်လာနေပြီလို့ သဲလွန်စပြတဲ့ အရေးပါပါအရာတွေကို စိတ်မှတ်မှတ်ထားလိုက်တယ်။ ကျွန်မအဲ့ဒါကို လုပ်နေကျလောက်တော့ ခဏခဏမလုပ်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုခဏခဏမလုပ်ဖြစ်တော့တာလည်း ကောင်းမွန်တဲ့အရာတစ်ခုပဲ။ ရွိုင်းလ်က အခုဆို ကျွန်မဘဝရဲ့အဲ့ဒီလိုအစိတ်အပိုင်းသေးသေးလေးဖြစ်နေပြီမို့ ဘဝကအတောမသတ်နိုင်အောင် ရှုပ်ရှုပ်ထွေးထွေးတွေဖြစ်နေလိမ့်မယ်လို့ ကျွန်မယုံကြည်ထားနေကျမှန်း တစ်ခါတလေကျ မေ့မေ့သွားတယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now