အခန်း (၁၈)

143 32 0
                                    

လီလီ

အာ့တ်လက်စ်ကိုတွေ့ခဲ့တာ (၅)ရက်ရှိသွားခဲ့ပြီ။ ကျွန်မတို့ အလုပ်အရမ်းများတဲ့အပေါ်မှာ စိတ်ဖိစီးတာတွေဖြစ်မလာရအောင် ကျွန်မကြိုးစားနေတယ်။ ဘာလို့လဲဆိုတော့ သူ အမ်မီ့နားမှာရှိနေဖို့ကိစ္စကို ခွင့်ပြုပေးနိုင်လောက်တဲ့အထိ ကျွန်မဘက်က သက်တောင့်သက်သာခံစားလာရတာနဲ့ ဒီဟာကပိုအဆင်ပြေသွားမယ်မှန်း ကျွန်မသိနေတယ်လေ။ ဒါပေမဲ့လည်း လုပ်ဖို့တာဝန်ရှိနေတဲ့အရာက အမ်မီ့အနား တစ်ယောက်ယောက်ကို ခေါ်မသွားခင် အမ်မီ့အဖေကို သူမဟုတ်တဲ့အခြားတစ်ယောက်ယောက်နဲ့ ကျွန်မစတွေ့နေပြီဆိုတဲ့အကြောင်း အသိပေးရမယ်။

လုပ်ဖို့တာဝန်ရှိနေတဲ့အရာက လုပ်ဖို့ကြောက်စရာ၊လန့်စရာကောင်းနေတဲ့အရာလည်းဖြစ်နေတာ စိတ်ပျက်စရာပဲ။ ကျွန်မ အဲ့ဒါကို တတ်နိုင်သမျှရွှေ့ဆိုင်းထားဖို့ စီစဉ်ထားတယ်။ စိတ်ရှည်လက်ရှည်ရှိလို့ သိက္ခာကျစရာမှမရှိဘဲ။

ပန်းဆိုင်က လူစီရဲ့မကြာခင်ကျင်းပတော့မယ့်မင်္ဂလာပွဲကြောင့် ဒီအပတ်ထဲမှာ လူအင်အားနည်းနေတယ်။ အာ့တ်လက်စ်ကကျတော့ အုပ်ထိန်းခွင့်နဲ့ပတ်သက်တဲ့ တရားဝင်လုပ်ဆောင်စရာရှိတာတွေ ကိုင်တွယ်ဖြေရှင်းရင်း ဆိုင်နှစ်ဆိုင်ကို စီမံခန့်ခွဲနေရတယ်။ ပြီးတော့ ကလေးတစ်ယောက်ကို တာဝန်ယူစောင့်ရှောက်နေရတယ်။ အဲ့ဒါတွေအားလုံးအပြင် ပြီးခဲ့တဲ့အပတ်က ကျွန်မအမေရခဲ့တဲ့အဖျားက အမွေးအတောင်စုံတဲ့တုပ်ကွေးဖြစ်သွားခဲ့ပြီလေ။ ဒီတော့ သူမက အမ်မီ့ကိုလုံးဝကြည့်ပေးမထားနိုင်တော့ဘူး။ ဒီအပတ်ထဲ ကျွန်မအလုပ်လုပ်ရတဲ့(၃)ရက်မှာ (၂)ရက်လောက်ကို ကျွန်မနဲ့အတူတူသူမပါခေါ်သွားရတယ်။

အဲ့ဒါက ငရဲခန်းရက်သတ္တပတ်တစ်ခုဖြစ်ခဲ့တာပဲ။ အလုပ်တွေများလွန်းလို့ ကားနဲ့ဖြတ်သွားရင်း တစ်ချက်ဝင်ဖက်ဖြစ်တာမျိုးတောင် မရခဲ့ကြဘူး။

ရွိုင်းလ်နဲ့မာရှယ်တို့က ကလေးမလေးတွေကို ဒီနေ့တိရိစ္ဆာန်ရုံခေါ်သွားကြတယ်။ အမ်မီက အဲ့ဒီအရာကိုပျော်ရွှင်ခံစားကြည့်ဖို့ အရမ်းငယ်လွန်းတာထက်ကိုပိုနေသေးတဲ့အတွက် အဲ့ဒါက ရွိုင်းလ်အတွက် စိတ်ဝင်စားစရာနေ့တစ်နေ့လုပ်ပေးတာပဲ ဖြစ်သင့်ပါတယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now