အခန်း (၁၂)

173 34 6
                                    

လီလီ

"နင် ငါ့ကို အဲ့ဒီလောက်ကြာအောင် အိပ်ခိုင်းထားလိမ့်မယ်လို့ မယုံနိုင်ဘူးဟယ်" (၁၀)မိနစ်ကြာသွားပြီ။ ကျွန်မရဲ့ဗိုက်ထဲ ရှက်စိတ်တွေ တလိပ်လိပ်တက်နေကြတုန်းပဲ။ "နင် နေ့စဉ်မှတ်တမ်းတစ်ခုလုံးဖတ်လို့ပြီးသွားပြီလား"

"ငါတို့ရဲ့ပထမဆုံးအနမ်းအကြောင်းဖတ်ပြီးသွားတော့ ငါရပ်ထားလိုက်တာ"

အဲ့ဒါကောင်းတာပေါ့။ ဒါက အရမ်းရှက်စရာမကောင်းသေးဘူး။ ဒါပေမဲ့ သူသာ ကျွန်မတို့တွေ ပထမဆုံးအကြိမ်လိင်ဆက်ဆံခဲ့ကြတဲ့အကြောင်းကို သူ့ဘေးကထိုင်ခုံမှာ ကျွန်မအိပ်ပျော်နေတုန်း ဖတ်ခဲ့လိုက်မယ်ဆိုရင် ကျွန်မနဂိုအတိုင်းပြန်ဖြစ်လာနိုင်ဦးပါ့မလား မသေချာဘူးရယ်။

"ဒါက သိပ်တော့မတရားဘူး" လို့ ကျွန်မရေရွတ်လိုက်တယ်။ "ချိန်ခွင်ညီသွားအောင် အရှက်ကွဲမယ့်ဟာတစ်ခုခုတော့ နင်လုပ်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ အခု ငါတို့ရဲ့ညကို ငါလုံးဝဖျက်ဆီးပစ်လိုက်သလို ခံစားနေရလို့ပဲ"

အာ့တ်လက်စ်က ရယ်လိုက်တယ်။ "ငါ့ကိုယ်ငါ အရှက်ရစေမယ့်တစ်ခုခုလုပ်လိုက်တာက နင့်ကို ဒီညနဲ့ပတ်သက်ပြီး ခံစားရသက်သာလာစေမယ်လို့ နင်ထင်တယ်ပေါ့လေ"

ကျွန်မခေါင်းညိတ်လိုက်ပြီး "အင်းလေ။ ဒါက စကြာဝဠာရဲ့နိယာမပဲ။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ အရှက်ကွဲရတာအတွက် အရှက်ကွဲရတာပဲ"

အာ့တ်လက်စ်က သူ့လက်မကို စတီယာတိုင်ဘီးပေါ် ပုတ်ရင်း အားနေတဲ့လက်နဲ့ သူ့မေးရိုးကိုနှိပ်နေတယ်။ အဲ့ဒီနောက်မှာတော့ သူ့ခေါင်းနဲ့ သူ့ဖုန်းဆီ ဆတ်ခနဲလှမ်းပြလာတယ်။ အဲ့ဒါက ခွက်ထည့်တဲ့အပေါက်ထဲမှာ ရှိနေတာ။ "ငါ့ဖုန်းပေါ်က မှတ်စုတွေရေးတဲ့Appကို ဖွင့်လိုက်ချည်။ ပထမဆုံးတစ်ခုကိုဖတ်လိုက်ကွာ"

အိုး၊ ဝိုး။ ကျွန်မက နောက်လိုက်တာပါနော်။ ဒါပေမဲ့လည်း သူ့ဖုန်းကို အရမ်းကာရောမြန်မြန်ဆန်ဆန်ကြီး လှမ်းဆွဲယူထားလိုက်တယ်။ "နင့်ရဲ့စကားဝှက်ကဘာလဲ"

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now