အခန်း (၃၁)

143 28 0
                                    

အာ့တ်လက်စ်

အဲ့ဒီကိုရောက်ဖို့(၃)နာရီမောင်းသွားခဲ့ရတယ်။ ဂျော့ရှ်က စကားများများစားစားပြောမလာခဲ့ဘူး။ သူက စာဖတ်နေခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ကြောင့်ကြစိတ်လှုပ်ရှားနေသလောက် သူလည်းဖြစ်နေတာတောင်မှပေါ့။ သူဖတ်နေတဲ့ဟာရဲ့တစ်ခုကိုမှ အမှန်တကယ်စိတ်ထဲရောက်ရဲ့လားလို့ ကျွန်တော်တော့ မသေချာဘူး။ သူစာမျက်နှာတစ်ခုတည်းမှာပဲ (၅)မိနစ်လောက်ရှိနေပြီလေ။ အဲ့ဒါက တိုက်ပွဲဖြစ်နေတဲ့အကွက်ကို ဆွဲထားတဲ့ပုံတစ်ပုံနဲ့တူတယ်။ ဒါပေမဲ့ ကျွန်တော်အများဆုံးမြင်ရတဲ့ဟာကတော့ ညှပ်ရိုးပဲ။

"အဲ့ဒီမန်းဂ(ဂျပန်ရုပ်ပြကာတွန်း)က (၁၂)အရွယ်ကလေးတစ်ယောက်အတွက် သင့်တော်ရဲ့လား" လို့ ကျွန်တော်သူ့ကိုမေးလိုက်တယ်။

သူက ခပ်ဖွဖွလေးရွှေ့လိုက်တာကြောင့် ကျွန်တော်မြင်ရတာဆိုလို့ စာအုပ်အဖုံးပဲရှိတော့တယ်။ "အင်း"

အဲ့ဒီမုသားတစ်ခွန်းကိုပြောလိုက်တဲ့ သူ့အသံက ဂီတသံစဉ်တွဲထဲက(၈)ခုမြောက်အသံတစ်ခုလုံးဖြစ်တဲ့အထိ လျော့ကျသွားတယ်။ အနည်းဆုံးတော့ သူက တော်တော်ဆိုးရွားလွန်းတဲ့လူလိမ်တစ်ယောက်ပဲ။ သူသာ ကျွန်တော်နဲ့နေသွားရမယ်ဆိုရင် သူကျွန်တော့ကိုအမှန်တိုင်းပြောနေ၊ မနေစစ်ဆေးရတဲ့အခါ လွယ်နေတော့မှာပဲ။

သူသာကျွန်တော်နဲ့နေသွားမယ်ဆိုရင် ကျွန်တော်သူ့ကို မျှချေညီသွားအောင် ကိုယ့်ထူကိုယ်ထစာအုပ်တချို့ဝယ်ပေးသင့်လောက်တယ်။ ကျွန်တော် သူ့စာအုပ်စင်ကို သူလိုချင်တဲ့ဘယ်ရုပ်ပြပုံစံဝတ္ထုတွေနဲ့မဆို အပြည့်ဖြည့်ပေးထားမယ်။ နောက်ပြီးတော့ အုပ်ထိန်းသူတစ်ယောက်အနေနဲ့ကျွန်တော့မှာမရှိတဲ့ အရည်အချင်းတွေအတွက် အထောက်အကူပြုမယ့် ကျွန်တော့စာအုပ်တချို့ကို တိတ်တိတ်လေးသွားထိုးထည့်ထားလိုက်မယ်။ Untamed၊ Man Enough၊ The Subtle Art of Not Giving a F*ck။ အမလေးဗျာ၊ ကမ္ဘာပေါ်မှာရှိတဲ့အဓိကဘာသာရေးဂိုဏ်းတိုင်းက အထွက်အမြတ်ထားတဲ့စာတချို့တောင် ပါချင်ပါလိုက်ဦးမယ်။ ကျွန်တော်ရနိုင်သမျှဘယ်အထောက်အကူမျိုးမဆို ယူပစ်လိုက်မှာပါ။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now