အခန်း (၃၇) ဇာတ်သိမ်းပိုင်း

566 43 7
                                    

[Spoiler - ဒီအခန်းက အများအားဖြင့် စာဖတ်သူတွေမျှော်လင့်ထားသလောက်ထိဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုဖတ်ကြည့်လိုက်ရင်တော့ ပိုဖတ်လို့ကောင်းသွားမှာပါနော်။ လက်ထပ်ပွဲပြီးရင်လို့ တွေးထားပြီး သုတ်ချေတင်ဖတ်မသွားသေးဘဲ အာ့တ်လက်စ်ရဲ့ကတိသစ္စာကိုပဲ အာရုံစိုက်ပြီး တစ်ချောင်းချင်းသေချာဖတ်သွားလိုက်ပါ။ အရသာတော်တော်ရှိသွားပါလိမ့်မယ်။ ;D]

အာ့တ်လက်စ်

"ခင်ဗျား ဒါကိုအတည်ပေါက်ကြီးလုပ်တော့မှာလား" လို့ သီအိုကမေးတယ်။

ကျွန်တော်က မှန်တစ်ချပ်ရှေ့မှရပ်ပြီး ကျွန်တော့ရဲ့နက်တိုင်ကိုချိန်နေတယ်။ သီအိုက ဆိုဖာခုံပေါ်မှာထိုင်ပြီး မင်္ဂလာမဆောင်ခင် ကျွန်တော့ရဲ့ကတိသစ္စာတွေ သူ့ကိုဖတ်ခွင့်ပေးဖို့ ကျွန်တော့ဘက်ကလက်ခံလာအောင်ကြိုးပမ်းနေတယ်။ "ငါ အဲ့ဒါတွေ မင်းကိုဖတ်ပြမှာမဟုတ်ဘူး"

"ခင်ဗျားတော့ ခင်ဗျားကိုယ်ခင်ဗျားအရှက်ခွဲတော့မှာပဲ" လို့ သူက ပြောလာတယ်။

"ငါမခွဲပါဘူး။ အဲ့ဒါတွေက ကောင်းတယ်လေ"

"အာ့တ်လက်စ်ရာ၊ လုပ်စမ်းပါဗျာ။ ကျွန်တော်က ခင်ဗျားကိုကူညီဖို့ကြိုးစားနေတာပါ။ ကျွန်တော်သိတဲ့အတိုင်းသာဆို ခင်ဗျား အဲ့ဒါတွေကို ဒီလိုမျိုးတစ်ခုခုနဲ့အဆုံးသတ်ပစ်လောက်တယ်။ 'ကိုယ် မင်းကို ကိုယ့်ရဲ့ငါးလေးဖြစ်လာစေချင်တယ်'"

ကျွန်တော်ရယ်လိုက်တယ်။ ဒီ(၂)နှစ်ကြာပြီးသွားတဲ့နောက်မှာ သူ ဘယ်လိုလုပ်ပြီး ဒီလိုစာသားတွေစိတ်ကူးရလာနေသေးမှန်း မသိတော့ပါဘူး။ "မင်း ညဘက်တွေ အိပ်မပျော်ဘဲလှဲနေတုန်းမှာ မင်းရဲ့စော်ကားမော်ကားစကားတွေကို လေ့ကျင့်နေတာများလား"

"မဟုတ်ပါဘူး။ အဲ့ဒါတွေက အလိုလိုပေါ်လာကြတာဗျ"

တစ်စုံတစ်ယောက်က တံခါးခေါက်ပြီး အဟလေးဖွင့်လိုက်ရင်း "ငါးမိနစ်ပဲကျန်တော့တယ်"

သီအို့ဘက်မလှည့်ခင် ကျွန်တော့ကိုယ်ကျွန်တော်မှန်ထဲတစ်ချက်ထပ်ကြည့်လိုက်တယ်။ "ဂျော့ရှ်ဘယ်ရောက်သွားလဲ။ သူအဆင့်သင့်ဖြစ်နေတာသေချာအောင်လုပ်ဖို့ ငါလိုအပ်တယ်"

🎉 You've finished reading [[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ) 🎉
[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now