အခန်း (၃)

185 31 2
                                    

အာ့တ်လက်စ်

"'ငါတို့တွေ နောက်ဆုံးတော့ ကမ်းခြေကိုရောက်ခဲ့ကြပြီ' ?" လို့ သီအိုက ပြောတယ်။ "ခင်ဗျား သူမကို အဲ့ဒါမျိုး တကယ်ကြီးပြောခဲ့တာလား။ ထုတ်ပြီးတော့လေ"

ကျွန်တော် ဆိုဖာခုံရှည်ပေါ်စိတ်မသက်မသာနဲ့ နေရာရွှေ့လိုက်ရင်း "ငါတို့တွေငယ်ငယ်တုန်းက 'နီမိုကိုရှာဖွေခြင်း(Finding Nemo)'ဇာတ်ကားနဲ့ သံယောဇဉ်ရှိခဲ့ကြတာကိုးကွ"

"ခင်ဗျားက ကာတွန်းကားတစ်ကားကို ကိုးကားခဲ့တယ်" သီအိုရဲ့ခေါင်းက ဇာတ်ဟန်ပါပါလူးလိမ့်သွားတယ်။ "ပြီးတော့ အဲ့ဒါက အလုပ်မဖြစ်ခဲ့ဘူး။ ခင်ဗျား သူမနဲ့တိုးခဲ့တာ (၈)နာရီကျော်သွားပြီ၊ သူမဘက်က ခင်ဗျားဆီ စာပို့မလာသေးဘူး"

"သူမအလုပ်ရှုပ်နေတာဖြစ်ချင်ဖြစ်မှာပေါ့"

"ဒါမှမဟုတ် ခင်ဗျားဘက်က စပြောတဲ့စကားက အရမ်းကြီးပြင်းထန်လွန်းနေတာလည်း ဖြစ်နိုင်တယ်" သီအိုကပြောရင်းဆိုရင်း ကိုယ်ကိုအရှေ့ကိုင်းလိုက်တယ်။ သူ့လက်တွေကို ဒူး(၂)ဘက်ကြားပူးကိုင်ထားရင်းက ပြန်အာရုံစိုက်လိုက်ပြီး "ဟုတ်ပါပြီ။ ဒီတော့ ခင်ဗျား အဲ့ဒီလို အပေါစားစာသားတွေအားလုံးပြောပြီးသွားတဲ့နောက် ဘာဖြစ်သွားလဲ"

လူမဆန်ချက်ပဲ။ "ဘာမှမဖြစ်ဘူးလေ။ ငါတို့နှစ်ယောက်လုံး အလုပ်သွားရမယ့်ဟာ။ ငါ သူမကို ငါ့ဖုန်းနံပါတ်ရှိသေးလားလို့ မေးလိုက်တယ်။ သူမက အဲ့ဒါကိုအလွတ်မှတ်ထားပါတယ်တဲ့။ အဲ့ဒီနောက် ငါတို့တွေ တာ့တာ__"

"ခဏ" သီအိုက ဖြတ်ပြောတယ်။ "သူမက ခင်ဗျားဖုန်းနံပါတ်ကို အလွတ်မှတ်ထားတယ်"

"အဲ့ဒီလိုပဲဆိုပါတော့"

"ဟုတ်ပြီ" သူ့ပုံစံက မျှော်လင့်ချက်ရှိလာတယ်။ "ဒါ အဓိပ္ပါယ်တစ်ခုခုကိုဆိုလိုလိုက်တာပဲ။ ဘယ်သူမှ နံပါတ်တွေကို အလွတ်လျှောက်မှတ်မနေကြတော့ဘူး"

ကျွန်တော်လည်း အဲ့ဒီလိုပဲတွေးမိပါတယ်။ ဒါပေမဲ့ သူမ ကျွန်တော့ဖုန်းနံပါတ်ကို အလွတ်မှတ်ထားရတာ တခြားအကြောင်းပြချက်ကြောင့်များလားလို့လည်း ကျွန်တော်စဉ်းစားမိသေး။ ကျွန်တော် အဲ့ဒါကိုချရေးပေးခဲ့ပြီး သူမရဲ့ဖုန်းအစွပ်ထဲထည့်ပေးခဲ့တုန်းက အရေးပေါ်ကိစ္စတစ်ခုအတွက်လေ။ သူမရဲ့တစ်စိတ်တပိုင်းက သူမအဲ့ဒါကိုလိုအပ်လာမယ့်နေ့အတွက် စိုးထိတ်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် သူမက ကျွန်တော်နဲ့ ဘာမှသက်ဆိုင်မနေတဲ့ အကြောင်းပြချက်တွေနဲ့ အဲ့ဒါကို အလွတ်မှတ်ထားလိုက်တာဖြစ်နိုင်တာပဲ။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now