အခန်း (၇)

166 28 0
                                    

အာ့တ်လက်စ်

"ငါးခွေးလျှာကိုင်နေတဲ့အချိန်ဆိုရင် မင်းရဲ့ဓားကို ဒီလိုမျိုး အမြဲကိုင်ထား" ကျွန်တော်က အမြီးမှာရှိနေတဲ့မှုန်မှိုင်းမှိုင်းအစွန်းကနေ ဘယ်လိုစလုပ်ရမယ်ဆိုတာ ပြနေတာ။ ဒါပေမဲ့ ကျွန်တော် ငါးကိုကြေးစထိုးလိုက်တာနဲ့ သီအိုက အကြည့်လွှဲသွားခဲ့တယ်။

"ရွံ့စရာကြီး" လို့ ပါးစပ်ကိုအုပ်ရင်း သူက ရေရွတ်လာတယ်။ "ကျွန်တော်မရတော့ဘူး" သီအိုက ကောင်တာရဲ့အခြားတစ်ဘက်ကိုရွှေ့သွားပြီး သူကိုယ်သူ ဟင်းချက်နည်းသင်ခန်းစာနဲ့ နေရာခြားထားလိုက်တယ်။

"ငါက ကြေးပဲထိုးရသေးတာပါ။ အဲ့ဒါကို လှီးပြီးခွဲထုတ်တာတောင် မလုပ်ရသေးဘူး"

သီအိုက ပျို့တဲ့အသံတစ်သံလုပ်လာတယ်။ "ကျွန်တော်က အစားအသောက်တွေလုပ်ကိုင်ရတာနဲ့ပတ်သက်ပြီး စိတ်မဝင်စားဘူး။ ကျွန်တော် ခင်ဗျားရဲ့ကုထုံးပညာရှင်အဖြစ်ပဲ ပေကပ်နေမှာ" သီအိုက သူ့ဘာသာကောင်တာပေါ် တက်ထိုင်လိုက်တယ်။

"ပြောကာမှ ခင်ဗျား လီလီ့ဆီစာပို့လိုက်သေးလား"

"ပို့လိုက်တယ်"

"စာပြန်ပို့လာလား"

"ပို့လာသလိုလိုပဲပေါ့။ အဲ့ဒါက စာတိုတိုလေးတစ်ကြောင်း။ ဒါနဲ့ သူမဘာတွေတွေးနေလဲဆိုတာ သိရအောင် ငါ ဒီနေ့ သူမဆီနေ့လယ်စာယူသွားဖို့ ဆုံးဖြတ်လိုက်တယ်"

"အဲ့ဒါကတော့ ရဲရဲတင်းတင်းကြီးအကွက်ရွှေ့လိုက်တာပဲ"

"သူမနဲ့ပတ်သက်လာရင် ရဲရဲတင်းတင်းအကွက်ရွှေ့တာတွေမလုပ်ဘဲ ငါ့ဘဝကို ဖြတ်သန်းလာခဲ့တာ။ ဒီတစ်ခေါက်တော့ ငါဘယ်နေရာမှာရပ်နေမှန်း သူမ သိတာသေချာအောင် လုပ်ချင်မိတယ်"

"အိုး၊ မဟုတ်သေးပါဘူး" သီအိုကပြောတယ်။ "ခင်ဗျား သူမကို ငါးတို့၊ ကမ်းခြေတို့၊ သောင်ပြင်တို့နဲ့ဆိုင်တဲ့ ဘာခပ်ပေါပေါတွေ ပြောခဲ့လိုက်လဲ"

ကျွန်တော် လီလီ့ကို နောက်ဆုံးမှာကမ်းခြေရောက်သွားခဲ့ကြပြီလို့ပြောလိုက်တဲ့အကြောင်း သူ့ကို ဘယ်တော့မှမပြောခဲ့သင့်ဘူး။ အဲ့ဒါကို ကြားလို့ကိုဆုံးမှာမဟုတ်တော့ဘူး။ "တိတ်လိုက်တော့။ မင်း တစ်ခါမှ မိန်းကလေးတစ်ယောက်ကို စကားတောင်ပြောဖူးလောက်မှာမဟုတ်ဘူး။ မင်းအသက်က (၁၂)နှစ်ဆိုတော့"

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now