အခန်း (၁၃)

140 28 1
                                    

အာ့တ်လက်စ်

ညတစ်ညက ကျွန်တော်နှစ်တွေနဲ့ချီပြီး ဖြစ်လာဖို့မျှော်လင့်နေခဲ့ရတဲ့အရာတစ်ခုကနေ ကျွန်တော်နှစ်တွေနဲ့ချီပြီး ဖြစ်လာမှာစိုးရိမ်ထိတ်လန့်နေခဲ့ရတဲ့အရာတစ်ခုအဖြစ် ပြောင်းသွားနိုင်တာ တအံ့တသြဖြစ်လောက်စရာကြီးပါပဲ။

လီလီ့ကိုလိုက်ပို့တော့မယ်အချိန်မှာ အဲ့ဒီစာကိုသာလက်မခံလိုက်ရဘူးဆိုရင် သူမကို သေချာပေါက်နမ်းလိုက်မှာပဲ။ ဒါပေမဲ့ လူကြီးတွေအဖြစ်နဲ့ကျွန်တော်တို့ရဲ့ပထမဆုံးအနမ်းကိုတော့ အာရုံထွေပြားနေရတာတွေက ကင်းဝေးနေစေချင်တယ်။

စာက ဒါရင့်ဆီက။ ကျွန်တော့အမေ Bib'sမှာရောက်နေတယ်လို့ သတင်းလှမ်းပေးတာ။ ကျွန်တော် လီလီ့ကို စာအကြောင်းမပြောပြလိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့အမေက ကျွန်တော့ဘဝထဲပြန်ဝင်လာဖို့ကြိုးစားနေမှန်း ကျွန်တော်သူမကိုမှမပြောရသေးတာ။ နောက်ပြီးတော့ ကျွန်တော့်အမေက ကျွန်တော့ဆီဖုန်းခေါ်လာတဲ့အကြောင်း သူမကိုပြောပြပြီးပြီးချင်း နောင်တရသွားခဲ့မိတယ်။ ချိန်းတွေ့တာက တော်တော်လေးကိုကောင်းကောင်းကြီး ဖြစ်သွားတော့မယ့်ဟာ။ ကျွန်တော် အဲ့ဒါကို အဲ့ဒီလိုမရွှင်မပျစာတို​လေးတစ်​စောင်နဲ့ အဆုံးသတ်တာမျိုးလုပ်ပစ်ရင်း အရဲတွေစွန့်ခဲ့မိတာပဲ။

ကျွန်တော်ဒါရင့်ကိုစာပြန်မပို့လိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့လီလီနဲ့အတူရှိနေတဲ့အချိန်လေးကို အဆက်ပြတ်မသွားစေချင်လို့လေ။ ဒါပေမဲ့လည်း ချိန်းတွေ့ပြီးသွားလို့ ကျွန်တော်တို့ ကိုယ့်ကားနဲ့ကိုယ်မောင်းထွက်လာခဲ့ကြပြီးတာတောင်မှ ကျွန်တော် ဒါရင့်ကိုစာပြန်မပို့သေးဘူး။ ကျွန်တော် နာရီဝက်လောက် ဟိုဟိုဒီဒီပတ်မောင်းရင်း ဘာလုပ်ရမယ်ဆိုတာ အဖြေထုတ်နိုင်ဖို့ကြိုးစားခဲ့တယ်။

ကျွန်တော့အမေ ကျွန်တော့ကိုစောင့်ရတာစိတ်ကုန်သွားပါစေလို့ မျှော်လင့်မိတယ်။ ကျွန်တော်စားသောက်ဆိုင်ကိုပြန်သွားဖို့ အေးဆေးအချိန်ယူခဲ့တယ်။ ဒါပေမဲ့လည်း အခုတော့ ကျွန်တော်ရောက်လာပြီလေ။ ပြီးတော့ ကျွန်တော် ဒါကို ထိပ်တိုက်ရင်ဆိုင်လိုက်ဖို့လိုမယ် ယူဆမိတာပဲ။ သူမကြည့်ရတာ ကျွန်တော်နဲ့စကားပြောဖို့ တစ်ပြားမှလျှော့မယ့်ပုံမပေါ်ဘူး။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now